False Love (Part 3)

126 23 5
                                    

//Unicode//

"ဒီနေ့ရာသီဥတုကောင်းတယ်ဆယ်ဟွန်း ငါတို့စက်ဘီးပတ်စီးရ အောင် "

ဒီအချိန်ထိဘားနဲ့ဂိမ်းဆိုင်ဘဲသွားနေကြ ဂျုံအင်ဆိုတဲ့သူက ထူးထူး ခြားခြားဒီနေ့မှစက်ဘီးပတ်စီးမယ်ပြောတာကြောင့် ဆယ်ဟွန်းနဲ့ ချန်းယောလ်တို့အံ့ဩမိတာအမှန်ပါ.. ဒီရက်ပိုင်းဂျုံအင်ကထူးဆန်း နေတယ် အမြဲသူငယ်ချင်း3ယောက်အတူတူရှိနေကြဆိုပေမယ့် သူကတစ်ယောက်တည်းကွက်ကွက်ပျောက်နေတတ်သည်.. ပြန်လာ လို့မေးတော့လည်းအမြဲစကားလမ်းကြောင်းသာလွှဲသွားတယ်..

"ကြားသားမိုးကြိုး ဂျုံအင် မင်းဖျားနေတာလား "

"ဒီရက်ပိုင်းမင်းတော်တော်ထူးဆန်းနေတယ် အမြဲလည်းတစ်ယောက် တည်းပျောက်ပျောက်သွားနေတာ ဘာတွေလုပ်နေလဲ.."

"ကျစ်!! စကားများလိုက်တာ လာပါစက်ဘီးသွားစီးကြရအောင် "

"ဘယ်ကိုလဲ ဘယ်ကိုစီးမှာလဲ "

"ငါလမ်းပြမယ် ဘယ်ကိုလဲဆိုတာ "

ချန်းယောလ်နဲ့ဆယ်ဟွန်း ခေါင်းသာအသာခါလိုက်မိသည်..သိတယ် ဒီတစ်ယောက်တစ်ခုခုတော့ကြံနေပြီဆိုတာ. မငြင်းသာပါဘူး ဂျုံအင်ဆိုအမြဲသူတို့ဘာအကူညီလိုလိုပေးနေကြ ဘယ်ကိုခေါ်ခေါ် လည်းအတူလိုက်နေကြ. ဒါကြောင့်လည်းဆယ်ဟွန်းတို့ဂျုံအင်ရဲ့ အစီစဉ်အတိုင်းစက်ဘီးပတ်စီးကြဖို့လက်ခံလိုက်တယ်.. တစ်ယောက်ကိုစက်ဘီးတစ်စီးစီနဲ့ဂျုံအင်လမ်းပြပြီးခေါ်တဲ့နေရာကို လိုက်လာခဲ့သည်.. ရပ်ကွက်လေးတစ်ခုထဲ လူသူရှင်းသလို အေးလည်းအေးချမ်းသည် အိမ်လေးတွေကသပ်သပ်ရက်ရက်နဲ့ နေချင်စဖွယ်.. ဂျုံအင်ကခြံဝန်းလေးထဲပန်းပင်လေးတွေစိုက်ထား တဲ့အိမ်နားနဲ့မလှမ်းမကမ်းမှာစက်ဘီးရပ်လိုက်ပြီး ထိုအိမ်ကိုလှမ်း ချောင်းနေတယ်.. ဆယ်ဟွန်းတို့နားမလည်နိုင် ပြောတော့စက်ဘီး ပတ်စီးကြဖို့မှလား ဘာလို့သူများအိမ်ကိုသူခိုးချောင်း ချောင်းနေရ တာလဲ..

"ဂျုံအင် ဘာလုပ်နေတာလဲ မင်းပြောတော့စက်ဘီးစီးမှာဆို "

"ဟီးဟီး..မင်းတို့ကိုလိမ်ခေါ်လာတာ "

"မင်း!! ဒါဆိုအဲ့အိမ်ကဘယ်သူ့အိမ်လဲ "

"ငါ့ချစ်တဲ့သူနေတဲ့အိမ်လေ မင်းတို့ကိုပ့တခါတည်းပြမလို့ "

False loveWhere stories live. Discover now