False love (Part 1)

410 30 11
                                    

// Unicode //

ရာသီဥတုကဒီနေ့မိုးရွှာမယ်ထင်တယ် ကောင်းကင်ကမဲမှောင်နေတာ မျိုးမဟုတ်ပေမယ့် နေရဲ့အလင်းရောင်ကိုတိမ်စိုင်ထူတွေက ပိတ်ကွယ်ထားတာကြောင့် ညို့မှိုင်းမှိုင်းဖြစ်နေတယ်..

"ငါဒီနေ့မင်းတို့နဲ့မလိုက်တော့ဘူး Ommaကနေသိပ်မကောင်းဘူး
ဆိုတော့ငါစိတ်ပူနေတယ် "

"အင်း ဒါဆိုဒေါ်လေးကိုဘဲပြန်ပြီးဂရုစိုက်လိုက်လေ ဒီညနေကမိုးရွာ မယ်ထင်တယ် ငါနဲ့ဂျုံအင်လည်း အိမ်ဘဲပြန်လိုက်တော့မယ် "

"ဒါဆိုငါသွားပြီ ချန်းယောလ်, ဂျုံအင် "

"ဖြေးဖြေးသွားဦး ဆယ်ဟွန်း "

ဆယ်ဟွန်း ဒီနေ့အိမ်ကကားကိုလာမကြိုခိုင်းထားဘူး ချန်းယောလ် တို့နဲ့အတူ ဘတ်စ်ကားစီးလာတယ်. မှတ်တိုင်နေရာနဲ့ဆယ်ဟွန်းတို့
အိမ်ကသိပ်မဝေးလှဘူး.. ဆယ်ဟွန်းရဲ့မေမေနေမကောင်းဖြစ်‌ေန
တော့အစားသိပ်မဝင်ဘူးလေ ဒါ‌ေကြာင့်လည်း ဆယ်ဟွန်းအိမ်ကကားကိုလာမ‌ေခါ်ခိုင်းဘဲ ဘတ်စ်ကားစီးလာပြီး မှတ်တိုင်နားက‌Omma ကြိုက်တတ်တဲ့ ကြက်ကြော်ဆိုင်ကနေကြက်ကြော်ဝင်ဝယ်ခဲ့တယ်..

ဆယ်ဟွန်းတို့မိသားစုကချမ်းသာတဲ့မိသားစုလို့ပြောရင်မမှားပါဘူး. ခုလက်ရှိမှာဆယ်ဟွန်းက ဆိုးလ်တက္ကသိုလ်မှာဘဲစီးပွားရေးမေဂျာ ဒုတိယနှစ်တက်နေတဲ့ကျောင်းသားပါ.. ဆယ်ဟွန်းအတွက်မိဘနှစ် ပါးလုံးမှာ အမေဖြစ်သူနဲ့ပိုပြီးရင်းနှီးမှုရှိတယ်. အဖေဖြစ်သူကစီးပွား ရေးနဲ့ပတ်ရှုပ်နေတတ်တာကြောင့် အမေကဘဲဆယ်ဟွန်းကိုအရိပ်တ ကြည့်ကြည့်အလိုလိုက်ခဲ့တာမှလား..

ဆယ်ဟွန်းဝယ်လာတဲ့ကြက်ကြော်ထုတ်ကိုကြည့်ပြီး တစ်ချက်ပြုံး လိုက်မိတယ်. Ommaကဆယ်ဟွန်းအတွက်အဲ့လိုလူမျိုးပါ. Ommaအကြောင်းပြုံးလိုက်မိရင်ကိုဆယ်ဟွန်းပျော်ရွှင်ရပါတယ်.ဆယ်ဟွန်း အိမ်ပြန်ရောက်တော့ အရင်ကလိုမဟုတ်တော့ဘူး.. အိမ်အကူအဒေါ်ကြီးကအိမ်ရှေ့ထွက်ပြီးဆယ်ဟွန်းကိုမျှော်နေသလို. ရှိုက်ရှိုက်ပြီးလည်းငိုနေတယ်. ဒီမြင်ကွင်းကြောင့်ဆယ်ဟွန်းရင်တွေ လေးလာရတယ်..

"အာဂျီးမား!! ဘာလို့ဒီမှာထွက်ငိုနေတာလဲ "

"ဟင့် ဟင့်.. အကိုလေး. အကိုလေး ကိုစောင့်နေတာ မမလေး..
ဟင့် .. မမလေး "

False loveحيث تعيش القصص. اكتشف الآن