False Love ( Part 8 )

103 17 22
                                    

// Unicode //

" နာနာက ဘာလို့အလုပ်ထွက်သွားတာလဲ "

မတော်ရသေးတဲ့ခင်ပွန်းလောင်းအိုရဲ့ အိမ်ပြန်ရောက်ရောက်ချင်း စကားဖြစ်သည်.. သူမမှန်တင်ခုံပေါ်ထိုင်ကာ ဆံပင်ဖြီးရင်း ထိုလူရဲ့ ဗီဇအတိုင်း လိမ်လည်ပြောဆိုရဦးမည်..

" သူ့အမေရဲ့ဇာတိကိုပြန်တော့မယ်တဲ့လေ မနေ့ကကျမကိုလာ ပြောပြီး အလုပ်ထွက်စာပါတင်သွားတာ "

" ဟုတ်လား.. ကိုယ့်ကိုတောင်မပြော‌သွားဘူး "

" ဝမ်းနည်းနေတာလား "

တဖက်လှည့်ပြီးသူ့အားခပ်စိမ်းစိမ်းကြည့်တော့ ထိုလူငြင်းသည်.

" မဟုတ်ပါဘူး သာမာန်ဝန်ထမ်းတစ်ယောက်ဘဲလေ "

" လက်ထပ်ကြမယ် "

" ဟမ် "

အဆက်စပ်မရှိတဲ့စကားကြောင့် သူကအနည်းငယ်လန့်သွားသလို..
ဒါ‌မှမဟုတ် လက်မထပ်ချင်တော့တာလား။

" ဘာလို့လဲ လက်မထပ်တော့ဘူးလား "

" မဟုတ်ပါဘူး.. ကိုယ်တို့စီစဉ်ထားတာနောက်နှစ်လေ "

" မစောင့်နိုင်တော့ဘူး ပတ်ဝန်းကျင်အမြင်မှာလည်း ကျမကဘဲ လိုက်တွယ်ကပ်နေတဲ့မိန်းမ မဖြစ်ချင်တော့ဘူး "

" ဒါပေမယ့် သားကလက်ခံ... "

" သူကရှင့်ကိုအဖေလို့တောင်တွေးသေးရဲ့လား. သူအမြင်ကြည်တာ
ကို ထပ်ပြီးစောင့်နေဦးမယ်ဆိုရင်တော့ ကျမတို့ကိစ္စဒီမှာတင်
အဆုံးသတ်လိုက်ရအောင် . ကျမမှာလည်းသားရှိသေးတယ် ဂျွန်မြောင့်ကိုပစ်ထားပြီ ဒီလိုနေနေရတာတောင် တရားဝင်မိန်းမ မဖြစ်နိုင်ရင်တော့ ဒီမှာဘဲအဆုံးသတ်တာပိုကောင်းမယ် "

" ကိုယ်တောင်းပန်ပါတယ်နော်.. ဒါဆိုလည်းမင်းသဘောပါဘဲ ကိုယ်တို့အမြန်ဆုံးလက်ထပ်ကြတာပေါ့ "

" နောက်လနော်.. နောက်လကိုသေချာပေါက်လက်ထပ်မယ် "

" သဘောပါဗျာ "

သူဌေးအိုကသူမကိုရင်ခွင်ထဲထည့်ကာဖက်လိုက်သည်.. အမှန်ဆို
နာနာအလုပ်ထွက်သွားတယ်ဆိုတာက တကယ်မဟုတ်. သူမကိုယ် တိုင်ရုံးခန်းသို့လိုက်သွား၍ အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်.. အကြောင်းကတော့ ထိုမိန်းကလေးက သူမရဲ့ခင်ပွန်းလောင်းနှင့် ကြိတ်ပုန်းခုတ်နေကြခြင်းကြောင့်သာ..

False loveWhere stories live. Discover now