Part-62

259 33 0
                                    

Chapter 62

အကြမ်းပတမ်းကြင်နာမှုနဲ့ ကြာရှည်တဲ့အနမ်း

ဖုန်းကိုင်ပြီးနှုတ်ဆက်ဆက်ချင်း သူ၏နားစည်အိမ်ကိုပွင့်ထွက်သွားစေလောက်သည့် အမျိုးသမီးကျန်း၏တစ်ဖက်မှအော်ဟစ်သံထွက်ပေါ်လာသည်။

"ဝန်ခံလိုက်စမ်း! နင်နဲ့ငါတို့မော့မော့နဲ့ကဘယ်လိုပတ်သတ်ကြတာလဲ!နင် VIP လက်မှတ်ရလာတာမထူးဆန်းတော့ဘူး! ဘုရားရေ! နင်ဘယ်လိုလုပ်!"

ရုန်ယီသည် ချက်ချင်းပင်မျက်မှောင်ကြုတ်မိပြီးဖုန်းကိုအဝေးတွင်ထားကာ သူမအော်ဟစ်ပြီးသည်အထိစောင့်ပြီးဖုန်းကိုသူ့နားပြန်ကပ်လိုက်သည်။

"ဘာဖြစ်တာလဲဟ?"

"အမြန် အမှန်အတိုင်းပြောစမ်းပါ"

မစ္စ်ကျန်း၏အသံက အသည်းအသန်ဖြစ်နေပြီးထူးဆန်းစွာဖြင့်စိတ်လှုပ်ရှားနေပုံရသည်။

"နင်ကတကယ်မော့မော့ရဲ့နောက်ကွယ်ကကောင်လေးလား?"

ရုန်ယီသည်ထိတ်လန့်သွားပြီး ငြိမ်နေသည့်ချန်းခယ့်ယောင်၏ဖုန်းအနားကပ်လာကာတိတ်တိတ်လေးနားထောင်နေရာမှ အော်လိုက်သည့်အခါ ငြင်းချက်ထုတ်ရန်အချိန်မရှိတော့ပေ။

"အဓိပ္ပါယ်မရှိတာတွေ!"

နှစ်စက္ကန့်ခန့်တိတ်ဆိတ်သွားသည်။ တစ်ဖက်မှမစ္စကျန်းသည်အလောတကြီးဖြင့်မေးလာ၏။

"ဘယ်သူပြောနေတာလဲ"

ရုန်ယီသည် တုန့်ဆိုင်းနေပြီးကြည့်ရဆိုးနေသောချန်းခယ့်ယောင်ကိုအမြန်တစ်ချက်ကြည့်လိုက်သည်။

"အခုပြောလိုက်တာငါ့ကောင်လေး"

၎င်းကိုကြားလိုက်သည့်အခါ အခုလေးတင်စိတ်ဆိုးနေသည့်ချန်းခယ့်ယောင်က အနီးမှဆိုဖာတွင်နာခံမှုအပြည့်ဖြင့်လိမ္မာရေးခြားရှိစွာထိုင်ချလိုက်သည်။

"အိုး...ဟုတ်သားပဲ"

မစ္စကျန်းကခေတ္တရပ်သွားပြီးမှမေးသည်။

"ဒါဆို MicroBlog ကတင်ထားတဲ့အတင်းအဖျင်းဆောင်းပါးကနင့်အကြောင်းတင်တာလည်းမဟုတ်ဘူးပြန်ဘူးလား"

"ဘာအတင်းအဖျင်းလဲ?"

လှေကားအောက်တွင်ရပ်နေသည့် ထိုလူများကတကယ်ပင်ရုန်ယီကိုစောင့်နေခဲ့ကြခြင်းပင်

မစ္စတာရုန်၏ ချစ်မှုရေးရာဒိုင်ယာရီKde žijí příběhy. Začni objevovat