Part-40

389 55 1
                                    

Chapter 40

အဲဒီတော့မင်းငါ့ကိုသဘောကျတာလား၊ မကျတာလား?

ချန်းခယ့်ယောင်သာ သူ့အဖေအသက်အရွယ်ရောက်လျှင် ပိုပြီးနားပူနားဆာလုပ်လိမ့်မည်ဟု ရုန်ယီခံစားရသည်။

ကားထဲမှထွက်လာပြီးတည်းက အနှီလူသည်သူ့အနောက်မှဆက်ပြီးတဗျစ်တောက်တောက်ပြောနေခဲ့သည်။

"မင်းတို့တစ်ခါလေးပဲတွေ့ရသေးတယ် ပြီးတော့ နှစ်ခါပဲစကားပြောရသေးတယ်၊ မင်းကသူ့နာမည်ကိုကောင်းကောင်းမှတ်မိအောင်လုပ်ထားတယ်၊ မင်းရဲ့ 'စားစရာ' ရွေးဖို့အရမ်းဆာလွန်းနေတယ်မဟုတ်ဘူးလား?"

ရုန်ယီသူ့ကိုလျစ်လျုရှုထားလိုက်သည်။

"မင်းအပူမပါဘူး"

"မင်းကကြည့်ကောင်းတဲ့လူတိုင်းကိုလိုက်ကြိုက်တတ်တာပဲလား?"

အမှန်တရားနှင့်မကွာလှပါ၊ သို့ထိတိုင် သူ့ပါးစပ်မှအဆိုပါလေသံမျိုးနှင့်ထွက်လာတော့အလွန်ကို မသက်မသာဖြစ်စေသည်။

ရုန်ယီစိတ်ဆိုးလာသည်။

"မင်းလည်းအတူတူပဲမဟုတ်လား? မင်းနဲ့စကားတွေဖောင်ဖွဲ့ပြောခဲ့တာပဲ၊ ဖုန်းနံပါတ်တောင်လဲခဲ့ကြသေးတယ်"

"ဖုန်းနံပါတ်လဲဖို့ကသူအရင်ပြောတာလေ"

"မင်းလိုမဟုတ်ဘူး၊ ငါဗြုန်းစားကြီးသူ့ဆီပြေးမသွားဘူး..."

ဓာတ်လှေကားတံခါးပွင့်လာပြီ။ ရုန်ယီအထဲဝင်သွားပြီးချန်းခယ့်ယောင်အထဲဝင်မလာနိုင်ခင်ပိတ်သည့်ခလုတ်နှိပ်လိုက်သည်။

"မင်းဘာလုပ်တာလဲ!"

ချန်းခယ့်ယောင်မှာ တံခါးမပိတ်ခင်ဖျစ်ညှစ်ပြီးဝင်လာခဲ့သည်။

"အန္တရာယ်များတယ်ကွ၊ သိရဲ့လား?"

ရုန်ယီ သူ့ဘက်ကိုခေါင်းလှည့်လိုက်သည်။

"မင်းမူးနေတုန်းပဲလား?"

"ငါပြောပြီးပြီလေ 'ငါမမူးဘူး' "

"အိုကေ"

ချန်းခယ့်ယောင်က သူ့ကိုကြည့်သည်။

"ဒါဆိုမင်းအခုလေးတင်သူ့ဆီဖုန်းနံပါတ်သွားတောင်းတုန်းကမူးနေတာပေါ့ ဟုတ်လား?"

မစ္စတာရုန်၏ ချစ်မှုရေးရာဒိုင်ယာရီWhere stories live. Discover now