Part-32

616 70 2
                                    

Chapter 32

မင်းချက်တဲ့ဟင်းက စားလို့ရရဲ့လား?

ဒီသေတ္တာကိုကြည့်ရတာ တကယ်ရင်းနှီးနေသည်။

ဤအခန်းထဲတွင် အနှီသေတ္တာပေါ်လာသည့်အကြောင်းအရင်းကိုခန့်မှန်းရန်မခက်ခဲလှပေ။ ချန်းခယ့်ယောင်အမေက ၎င်းကို သညျနရောတှငျအဓိပ်ပါယျနှငျ့ထားခိုငျးခဲ့သညျ့မွငျကှငျးကိုပွနျမွငျယောငျကွညျ့လိုကျသညျ့အခါ ရုန်ယီ့နားရွက်များနီရဲလာသည်။

ထိုအချိန်တည်းကလွှင့်ပစ်ခဲ့လိုက်လျှင် ကောင်းသား။ အားလုံးကချန်းခယ့်ယောင်အမှားပင်။ ယခုတော့ အတောမသတ်နိုင်သည့်ဒုက္ခများရောက်လာပြီ။

သူသေတ္တာကိုဘေးဖယ်လိုက်ပြီး ကောင်းကောင်းမွန်မွန်ထုပ်ပိုးထား

သည့်ပုဆိန်ကိုကောက်ယူလိုက်သည်။ သေချာစစ်ဆေးပြီးသည့်နောက် ၎င်းအောက်ဘက်တွင်တုတ်ချောင်းလေးတစ်ချောင်းရှိနေပြီး လေးထောင့်သေတ္တာအပြား၏အပေါ်ဘက်ကို တိတ်နှင့်ပတ်ထားသည်။ ရုန်ယီခမျာ သူ့တွင်ရှိသမျှအားလေးနှင့်၎င်းကိုဖြဲရန်နေ့တဝက်ခန့်အချိန်ကုန်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ပိုင်းမသက်မသာမှုကြောင့် နှေးကွေးနေခဲ့သည့်ဦးနှောက်က ရုတ်တရက်အလုပ်ဖြစ်သွားသည်။ သူကတ်ကြေးရှာတွေ့သွားသည်လေ။

သူကတ်ကြေးနှင့်ဖြတ်တောက်ရန်တွေးမိခိုက် သူ့လက်များကအပြင်းအထန်အလုပ်လုပ်နေရသေးသည်၊ အဆုံးတွင် သူယာယီအောင်မြင်မှုလေးကိုရရှိသွားသည်။ သေတ္တာကိုဖုံးထားသည့် တုတ်ချောင်းကပျံထွက်သွားသည်၊ ချန်းခယ့်ယောင်၏စာအုပ်စင်ကိုရိုက်မိပြီး 'ဘုန်း' ကနဲအသံထွက်လာသည်။ ထို့နောက် စင်ပေါ်မှစာအုပ်တွေပြုတ်ကျလာသည်။

ရုန်ယီ  ကမန်းကတမ်းနှင့်အောက်ကိုငုံ့ကြည့်လိုက်ပြီး ကြည်နူးသွား

သည်။

ကြမ်းပြင်ပေါ်တွင် ကျနေသည့်စာအုပ်က သူကောလိပ်တက်ချိန်ကဖတ်ခဲ့သည့် ဝတ္ထုစာအုပ်ဖြစ်နေသည်။ အဆိုပါဇာတ်လမ်းတွဲစာအုပ်ကခဏတာခန့် နာမည်ကြီးခဲ့သည်။ စာရေးဆရာမှာ ထိုအချိန်ကလှပသည့်တ က်သစ်စအမျိုးသမီးစာရေးသူတစ်ယောက်ဖြစ်သည်။ မော့ယွီဖေးသည်နောက်လာမည့် ဇာတ်လမ်းတွဲများကိုရုပ်ရှင်ရိုက်ကူးရာတွင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့သည်။ ရုန်ယီကလည်း ၎င်းဇာတ်လမ်းတွဲများကိုနှစ်ခြိုက်ခဲ့သည်။ ကံဆိုးသည်မှာ အနှီသူတို့၏နာမည်ကျော်ကြားမှုကြောင့် သူသည်ရောင်းအားအကောင်းဆုံးစာအုပ်များကိုမစုစည်းထားနိုင်ခဲ့၍ အမြဲနောင်တရခဲ့သည်။ ချန်းခယ့်ယောင်နှင့်သူ့တွင် ယခုလိုစိတ်ဝင်စားမှုတူညီနေခြင်းက ရှားပါးလွန်းသည်။

မစ္စတာရုန်၏ ချစ်မှုရေးရာဒိုင်ယာရီWhere stories live. Discover now