Part-31

514 69 0
                                    

Chapter 31

ငါဘယ်ရောက်နေတာလဲ?

"ကိုယ်အသံကျယ်အောင်လုပ်မိသွားလား"

ချန်းခယ့်ယောင်ကအံ့အားသင့်စွာနှင့်မေးလာသည်။

တကယ်တော့မဟုတ်ပါ။

သူအသံနားထောင်ကြည့်ရုံဖြင့် ချန်းခယ့်ယောင်၏စိုးရိမ်မှုများကိုပြောနိုင်သည်။ သူနောက်ဆုံးမိနစ်လေးမှ yogurt ဘူးအဖုံးကိုခွာလိုက်နိုင်၍အသံကျယ်သွားစေရန်မလုပ်လိုက်မိပေ။

ရုန်ယီအတွက်လည်းမလွယ်ကူလှပေ။

သူချန်းခယ့်ယောင်အိပ်ရာပေါ်လှဲလိုက်ပြီး ချန်းခယ့်ယောင်အိပ်ရာခင်းအပေါ်မှာပင်အိပ်သည်။ ချန်းခယ့်ယောင်ကသူနှင့်နှစ်မီတာအကွာအဝေးအတွင်း၌ ရှိနေသည်။ ထို့ကြောင့် သေးငယ်သောအသံလေးကပင်သူ၏လွန်ကဲနေသည့်အသိစိတ်ကို ထပ်ဆောင်းအသိပေးနေလိမ့်မည်။

ရုန်ယီ သာမန်အတိုင်းထ ထိုင်လိုက်သည်။

မည်းမှောင်နေသည့်အခန်းအတွင်း သူချန်းခယ့်ယောင်ဘက်လှည့်လိုက်သည့်အခါ သူနောက်ပြန်ဆုတ်သွားသည်။

"မင်းကအဝေးမှုန်လား?"

"မျက်ကပ်မှန်လေ"

အမြဲမျက်မှန်တပ်နေကျ ချန်းခယ့်ယောင်မှာအနည်းငယ်ရှက်နေဟန်ဖြင့်ဆိုသည်။

"ကွန်ပျုတာသုံးတာအရမ်းကြာတော့ကိုယ့်မျက်လုံးတွေကဝါးလာတယ်"

ရုန်ယီ သူ့ကိုအကြာကြီးကြည့်နေပြီးမှတစ်ဖက်လှည့်သွားသည်။

သူလှဲချလိုက်ပြီးသည်နှင့် ချန်းခယ့်ယောင်က ခေါင်းပေါ်မှမီးကိုပိတ်လိုက်သည်၊ ယခုတွင်မူ အခန်းထဲတွင်ကျန်ရစ်ခဲ့သည့်ကွန်ပျုတာမီးနှင့်စားပွဲတင်မီးအိမ်လေးက သူ့အနားတွင်အနိမ့်ဆုံးတောက်ပမှုကိုချိန်ညှိပေးနေသည်။

မသဲမကွဲအလင်းရောင်အတွင်း မျက်ကပ်မှန်တပ်ထားသည့်ချန်းခယ့်ယောင်ကထူးဆန်းနေသည်။

'ခံစားချက်ကဆန်းကြယ်တယ်'

"မအိပ်သေးဘူးလား?"

ချန်းခယ့်ယောင်ကမေးလာသည်။

"ငါ...."

ရုန်ယီ သူ့လက်ထဲက Yogurt ဘူးကိုပြန်ကြည့်လိုက်သည်။

မစ္စတာရုန်၏ ချစ်မှုရေးရာဒိုင်ယာရီWhere stories live. Discover now