ယွန်ဂီရဲ့ စကားအဆုံး ‌ဂျီမင်တို့မှာ အတွေးတွေ များသွားရ၏။

" ကဲ! လာ..သခင်ကြီးတို့ မရောက်ခင် တစ်ဦးချင်းဆီ လေ့ကျင့်ရအောင်..ပြီးတော့ နမ်ဂျွန်းက သေချာမှာသွားတယ်..မင်းတို့ရဲ့ စွမ်းအင် အရင်းမြစ်က ရင်ဘတ်က အမှတ်သားတွေမို့သေချာသုံးတတ်အောင်လေ့ကျင့်ပေးဖို့မှာလိုက်တယ်.."

" ဟုတ်! "

သူတို့လည်း ယွန်ဂီ သင်ပြတဲ့အတိုင်း တိုက်ခိုက်နည်းတွေ သင်နေကြတုန်း..မကြာမီမှာ ရောက်လာကြတဲ့ ထယ်ယောင်းတို့တွေ...

" သခင်ကြီး ရောက်လာပြီ..အဲ့ဆို ကိုယ့် တွဲဖက်နဲ့ကိုယ်လေ့ကျင့်ကြရအောင်.."

နမ်ဂျွန်း၊ ထယ်ယောင်းနဲ့ ဟိုဆော့တို့ရောက်လာတော့ ယွန်ဂီက ပြောသဖြင့် သူတို့ အသီးသီး လေ့ကျင့်ရမဲ့ အခန်းတွေဆီကို သွားလိုက်ကြ၏။

~

~

~

" ဟူးးး မောလိုက်တာ ဦးရာ.."

လေ့ကျင့်ရမဲ့ အခန်းထဲရောက်တော့ ဂျီမင်က ခြေပစ်လက်ပစ်ထိုင်ချပြီး ပြောလာတာကြောင့် ယွန်ဂီ ပြုံးမိသွားသည်။ဘယ်လောက်တောင်ပင်ပန်းထားလဲမသိ နဖူးမှာ ချွေးလေးတွေ စို့နေသဖြင့် မျက်နှာသုတ်ပဝါအသေးလေးနဲ့ သုတ်ပေးပြီး အားဖြည့်အချိုရည်တစ်ဗူး ဖောက်ပြီး သောက်ခိုင်းလိုက်သည်။

" အသေးလေး အမောပြေပြီလား.."

ယွန်ဂီက မေးတော့ အချိုရည်သောက်ရင်းကနေ ခေါင်းငြိမ့်ပြလာ၏။

" လာ..အဲ့ဆို လေ့ကျင့်ရအောင်.."

ယွန်ဂီက boxing လက်အိတ်ကို ပေးပြီး ပြောတော့ မျက်နှာရှုံ့မဲ့သွားတဲ့ ဂျီမင်...

" ဂျီကလေ..လေ့ကျင့်ခန်းဆို ဦးနဲ့ ကုတင်ပေါ်မှာ ချွေးထုတ်တဲ့ လေ့ကျင့်ခန်းဘဲ ကြိုက်တာ.."

ဂျီမင် စကားကြောင့် ယွန်ဂီမှာ မျက်နှာကြီး နီရဲသွား၏။

" ဦး နေမကောင်းဘူးလား မျက်နှာကြီး နီနေတယ်.."

ဂျီမင်က ယွန်ဂီရဲ့ နဖူးပေါ်လက်ဖြင့်စမ်းကြည့်ပြီး မေးတော့ ယွန်ဂီက ငြိမ်နေသည်။

A Lover of Mafia ( Complete )Where stories live. Discover now