သားတို့လည်း အဲ့လိုတွေးထားတာပါ ဒါပေမယ့် အခု "ည"က ကိုယ်ဝန်နဲ့ဆိုတော့ ဘယ်မှမသွားဘဲ နေတာ ဒါ့ကြောင့် တီခိုင့်ကိုလှမ်းခေါ်လိုက်ရတာပါ "ည"က တီခိုင့်ကိုလွမ်းနေတာလေ
အခု မွေးဖွားဖို့ကနီးနေပြီဆိုတော့ သားမရှိချိန် "ည"ကိုစိတ်မချလို့ တီခိုင်

သားဆိုလိုချင်တာကို တီခိုင်နားလည်ပါတယ်ကွယ် အခုရော သမီးခွင်းက အိမ်မှာမရှိဘူးလားကွဲ့

ရှိတယ် တီခိုင် သားက ဒီနေ့အိမ်ကို ဧည့်သည်လာဖို့ရှိတယ်ဆိုပြီး ပြောထားတာ ဒါပေမယ့် ဘယ်သူလာမယ်ဆိုတာကို သားပြောမပြထားဘူး တီခိုင် "ည"ကို အံ့ဩသွားစေချင်လို့လေ

အဟင်း.....ဟုတ်ပါပြီကွယ်.....
အဘကျော် ခရီးဆောင်အိတ်တွေ မသယ်နဲ့ ကျွန်တော်ပဲ သယ်သွားလိုက်မယ်

ရပါတယ် သားနေရဲ့ အဘသယ်ပေးပါ့မယ်

မဟုတ်တာ နေ့လည်စာစားချိန်ကြီးလေ အဘကျော် ထမင်းသွားစားလိုက်တော့နော် "

အဘကျော်လက်ထဲမှ ခရီးဆောင်အိတ်နှင့် ခြင်းတောင်းအကြီးအား လွှဲယူခဲ့လိုက်ပြီး အိမ်ထဲသို့ဝင်လာခဲ့သည်

" ဘော့စ် ကျွန်တော့်ကိုပေးပါ ကျွန်တော်သယ်ခဲ့လိုက်ပါ့မယ်

ရတယ် မင်းလည်း တောက်လျှောက် ကားမောင်းလာရလို့ပင်ပန်းနေတာ

အေးကြည် အစ်မ အိမ်ရှေ့ခဏသွားလိုက်ဦးမယ် ထမင်းပွဲပြင်ထားနှင့်လိုက်နော်

ရှင် .....
အယ် မဖြစ်ဘူး မမလေး အေးကြည်လက်ကိုတွဲထားနော်

အယ် ရပါတယ် အေးကြည်ရဲ့ အစ်မ လမ်းလျှောက်လို့အဆင်ပြေပါတယ်

မရဘူး မမလေး အစ်ကိုလေးက မမလေးအနား သူမရှိရင် အေးကြည်ကို မမလေးအနားကမခွာရဘူးလို့မှာထားတာ မဟုတ်ရင် အေးကြည် ရွာပြန်ပို့ခံရလိမ့်မယ် မမလေး

ရပါတယ်ဆို ...

လာပါ မမလေးရယ် အေးကြည်လည်း မမလေးကိုစိတ်မချပါဘူး ကိုယ်ဝန်က မွေးဖို့နီးနေပြီလေ

အဟင်း အေးကြည်ကတော့လေ စိုးရိမ်လွန်နေပါပြီ "

အေးကြည်ကိုတွဲရင်း ခွင်း အိမ်ရှေ့ဧည့်ခန်းသို့ထွက်လာခိုက် မမျှော်လင့်ထားသည့် လူအားတွေ့လိုက်ရသည်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now