လဲကျနေရာမှ ဘောင်းဘီတို့ကိုခါကာ ထလာသော ကောင်လေးတစ်ယောက် ဖြစ်ဟန်တူသည် ။
မိုးစက်များကြောင့် မျက်နှာကို‌တော့ သဲသဲကွဲကွဲ မမြင်ရသေးချေ ။

" ဘာဖြစ်သွားသေးလဲ "

" တောင်းပန်ပါတယ် .. ကျွန်တော် အကွယ်ကနေ ရုတ်တရက်ထွက်လာမိလို့ ..
ကျနော့်ကြောင့် လန့်သွားရပြီထင်တယ် "

ခပ်ဖွဲဖွဲကျနေသည့် မိုးစက်တွေကြားမှ ခပ်တိုးတိုးအသံလေးကို မနည်းနားထောင်နေရသည် ။
အပြစ်လုပ်ထားသည့် ကလေးတစ်ယောက်လို ပုံစံလေးဟာ ပုံမှန်လူများနှင့်မတူဘဲ ထူးခြားနေသယောင် ။

" ဘာဖြစ်သွားသေးလဲ "

" အစ်မမိုးရေတွေစိုကုန်ပြီ... ကျွန်တော့ထီးအောက်ဝင်လိုက်ပါလား "

အခုထိမေးတာကို မဖြေသေးဘဲ သူပြောချင်ရာသာပြောနေသည့် အကောင်ပေါက်ဟာ ကိုင်ပေါက်ချင်စရာတော့ ကောင်းလှသည် ။
ရုတ်တရက် မိုးပေးလာသည့် ထီးလေးအောက် လူနှစ်ယောက်ရပ်နေရသည်က မထိရုံတမယ် ပူးကပ်နေရပေသည် ။

ရွာနေသည့်မိုးတွေဟာ ရုတ်ချည်းတိတ်သွားခဲ့သလား ..
တဖြောက်ဖြောက်ကျရောက်နေသည့် မိုးစက်သံတွေထက် မော့ကြည့်လာသည့် မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် ရင်ဘတ်ထဲကအသံများက မိုးစက်သံတို့ထက် ကျယ်လောင်နေသလား   .....

ပတမဦးဆုံး... ပထမဆုံးအကြိမ် ဂယောက်ဂယက်ဖြစ်မိသည့်အချိန် ..
ထူးဆန်းသည်ထက် ထူးဆန်နေသည်က ဘယ်လူတစ်ဦးတစ်ယောက်ကိုမှ စေ့စေ့မကြည့်ခဲ့ဘူးသည့် ကျွန်မက
ဒီကလေးရဲ့ မျက်နှာကိုတော့ အသေးစိတ်လိုက်ကြည့်နေမိသည် ။

" အစ်မ.."

" ဟမ် ..."

ခပ်တိုးတိုးအသံလေးက လန့်ဖျန့်သွားအောင် စွမ်းဆောင်နိုင်သလား ။...
တဖြောက်ဖြောက်ကျနေတဲ့ မိုးစက်သံတို့ဟာလဲ အခုမှ ကျယ်လာသယောင် ...
ခဏလေးအတွင်း ဖြစ်ပျက်သွားသည့် တစ်ခဏလေးဟာ ဘယ်လိုများ .. ဘာကြောင့်များလဲ ..

" ကျွန်နော့်ကြောင့် အစ်မရဲ့ အဝတ်တွေစိုကုန်ပြီ... တောင်းပန်ပါတယ် ..."

A Desire(ဆန္ဒတစ်ခု)Where stories live. Discover now