12:00

177 17 2
                                    

'သင်္ချာဘာသာရပ်က သုညဆိုတာကို
ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာ...'

'

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

...

နေဝင်ရှုခင်းတွေက အရင်ကလို မလှပတော့ဘူး...

မတူညီတဲ့ အမှတ်တရပုံရိပ်တွေနဲ့အတူ ချန်ထားရစ်ခံခဲ့ရတဲ့လူတစ်ယောက်ရဲ့ခံစားချက်တွေကို ကုသဖို့အတွက် နှုတ်ဆက်စကားဆိုတာ မရှိခဲ့ဘူး။ ကျွန်တော်တို့ အတူတူ သွားလာခဲ့ကြတဲ့နေရာတွေကို ကျွန်တော် ဘယ်လောက်ပဲ အခေါက်ခေါက်အခါခါ သွားခဲ့ပါစေ... လစ်ဟာမှုကိုသာ ခံစားခဲ့ရတယ်။

သူ ဒီမှာ မရှိတော့ဘူး။

ယုတ္တိမရှိတဲ့အရာတွေက တကယ့်လက်တွေ့ဘဝတစ်ခုလုံးနဲ့ ရောထွေးနေတာ... အရင်က သူ ပြောပြခဲ့တဲ့ ကျွန်တော်တို့ရဲ့ဇာတ်လမ်းက မဖြစ်နိုင်ဘူးဆိုပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ကျွန်တော် တောက်လျောက် ဆုသာ​ တောင်းနေခဲ့မိတယ်။ ဒီတစ်ခါတော့ ကျွန်တော် သူ့ကို ထာဝရ အပိုင်သိမ်းနိုင်ပါစေ...

ကျွန်တော်တို့ အတူတူ ရှိခဲ့ကြတဲ့နေ့ရက်တွေက အရမ်းတိုတောင်းလွန်းတဲ့ရက်တွေလေ...ပြီးတော့ ကျွန်တော် သူ့ကို နောက်ဆုံး တွေ့ခဲ့ရတဲ့ညနေခင်းမှာ သူ ချန်ရစ်ခဲ့တဲ့စကားက နှုတ်ဆက်စကားလည်း မဟုတ်သလို၊ ကံကောင်းပါစေလို့ ဆုတောင်းပေးတာလည်း မဟုတ်ဘူး။

'ငါ မင်းကို ချစ်တယ်နော် Ongsa... မင်းကို အချစ်ဆုံးပဲ...'

ချစ်တယ်ဆိုတဲ့စကားလေးကို ပြောခဲ့တာ...

သာမန်ညလေးတစ်ညမှာ သူ ​ကျွန်တော့်ရှေ့ ရောက်လာခဲ့တယ်။ သက်လတ်ပိုင်းအရွယ်ဆိုပေမယ့် ငယ်ရွယ်ပုံရတဲ့လူကြီးက ထူးထူးခြားခြားဖြစ်နေတာလေ... ပြောလာတဲ့စကားတွေကလည်း ရှေ့နောက် မညီဘူး။ ပြီးတော့ အများနဲ့ မတူဘဲ လုံးဝကို ကွဲထွက်နေခဲ့တာ... ကျွန်တော် သူ့အကြောင်းကို များများစားစား မသိပေမယ့်လည်း ကျွန်တော် သူ့ကို အကြောင်းပြချက် သုံးခုကြောင့် ကူညီပေးခဲ့တယ်။

Absolute Zero (မြန်မာဘာသာပြန်)Where stories live. Discover now