09:48

73 14 1
                                    

'အကယ်၍ အပင်က ဟိုးအရင်ကတည်းက
သေဆုံးသွားခဲ့တာဆိုရင်...'

…

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

'ကျွန်တော့်ကို ရှင်းပြဖို့အတွက် အစ်ကို့မှာ အဖြေရှိတယ် မဟုတ်လား'

'...'

'အစ်ကို့မှာ အဖြေရှိတယ် မဟုတ်လား။ P'SuanSoon...'

ဒီအရာကို ဘယ်လို ပြန်တုံ့ပြန်ရမလဲဆိုတာကို မေ့သွားသလိုမျိုး ကျွန်တော် ငြိမ်သက်သွားမိတာ... ကျွန်တော့်အရှေ့မှာ ရှိနေတဲ့ကောင်လေးက ကျွန်တော် မခန့်မှန်းနိုင်လောက်တဲ့အထိ ခံစားချက်တွေ အများအပြားနဲ့ ပြည့်နှက်နေတယ်။ Ongsaရဲ့မျက်နှာထားက မာထန်နေတာ... Ongsaက စိတ်ရှုပ်ထွေးနေတာ... ပြီးတော့ Ongsaက ကျွန်တော့်ကိုပဲ ကြည့်နေခဲ့တာ...

'ကျေးဇူးပြုပြီး... ကျွန်တော့်ကို အမှန်အတိုင်း ပြောပြပါ'

ထိုအချိန် လိုင်းကားတစ်စီးက ကားမှတ်တိုင်မှာ မျက်နှာချင်းဆိုင်ပြီး ထိုင်နေကြတဲ့ကျွန်တော်တို့ နှစ်ယောက်ကို ​ကျော်ပြီး မောင်းနှင်သွားခဲ့တယ်။ လမ်းမီးတိုင်တွေဆီက လာတဲ့အလင်းရောင်တွေကြောင့် လမ်းမထက်မှာ ကျရောက်နေတဲ့ ကျွန်တော်တို့ရဲ့အရိပ်တွေကို သေချာ ထင်ထင်ရှားရှား မြင်နေရတာ...

သူ့ရဲ့မျက်လုံးတွေကို ရှောင်ချင်လို့ ကျွန်တော် ခေါင်းကို ငုံ့ထားမိတယ်။ ဒီလို ဖိအားအရမ်းများတဲ့အခြေအနေကနေ အချိန်အနည်းငယ်ကို အသုံးပြုပြီး ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေခဲ့တယ်။

ပြန်ပြီး ငြင်းဖို့ကို ကျွန်တော် ရွေးချယ်လိုက်လို့ ရရဲ့သားနဲ့ ထူးဆန်းစွာပဲ... ထူးဆန်းစွာပဲ အခုအချိန်မှာတော့ ကျွန်တော် အမှန်တရားကို ပြောပြချင်ခဲ့တယ်။

Absolute Zero (မြန်မာဘာသာပြန်)حيث تعيش القصص. اكتشف الآن