04:21

31 2 0
                                    

'အကယ်၍ ကျွန်တော်သာ
အစကနေ ပြန်စခွင့်ရခဲ့ရင်...'

…

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

'ဟေး!'

လူတစ်ယောက်က အချိန်ခရီးသွားပြီး သူ့ရဲ့ချစ်သူနဲ့ မဆုံတွေ့ခင်အချိန်ကို ပြန်ရောက်သွားကာ မကြာခင် ချစ်သူဖြစ်လာမယ့်လူနဲ့ တွေ့ခဲ့ရတယ်ဆိုတာမျိုးက ဘယ်လို အခြေအနေမျိုးကြီးလဲ။ ထားပါ။ ဒီပေါက်ကရ အချိန် Dimensionတွေကို ကျွန်တော် ကြားဖူးတာတွေ ရှိပေမယ့် လုံးဝမယုံကြည်ခဲ့ဘူးဆိုတာကိုတော့ ကျွန်တော် ကျိန်ဆိုရဲတယ်။

'ကျွန်တော် ပြောနေတာ ကြားရဲ့လား'

ပထမဆုံးအနေနဲ့ ဒါက ရယ်ရတယ်လို့ ကျွန်တော် တွေးမိတယ်။ ဒီကမ္ဘာပေါ်မှာ အချိန်ဆိုတာ ကျွန်တော့်အတွက် အရိုးသားဆုံးသောအရာလေ... ကံကြမ္မာက ကျွန်တော့်ကို ဘယ်လောက်ပဲ တိုက်ခိုက်နေပါစေ... အနည်းဆုံးတော့ အချိန်က အပြောင်းအလဲ မရှိဘဲ သူ့ဘာသာသူ ရှေ့ဆက်သွားနေမြဲပဲ...

'အစ်ကို!!!'

ပြီးတော့ ဒုတိယမြောက်အနေနဲ့... အချိန်တောင်မှ ကျွန်တော့်အပေါ် မရိုးသားတော့ဘူးဆိုရင် ကျွန်တော် ဘယ်သူ့ကို ယုံကြည်ရတော့မှာလဲ။

ဖောက်!

'ဟမ်'

ကျွန်တော် အတွေးထဲ မြောနေရာက အသိပြန်ဝင်လာခဲ့တယ်။ နည်းနည်းလေး နာကျင်သွားရ​တာကြောင့် မျက်နှာထား တင်းမာနေတဲ့ကောင်လေးရဲ့မျက်လုံးတွေကို ကျွန်တော် စိုက်ကြည့်လိုက်ပြီးတော့...

'ဟ... ဘာလို့ နှဖူးကို တောက်ရတာလဲ'

ကျွန်တော် ထိုအချိန်ကို အခွင့်ကောင်းယူကာ ထိုကောင်လေးရဲ့ခန္ဓာကိုယ်ကို မှီပြီး လက်တွေ လွတ်အောင် ရုန်းထွက်လိုက်ပြီးတော့ သူနဲ့ အနည်းငယ် ကွာဝေးတဲ့ လုံခြုံလောက်မယ့်နေရာမှာ ရပ်နေလိုက်တယ်။ ကျွန်တော့်ရဲ့လက်တစ်ဖက်ကတော့ နာကျင်နေသလိုမျိုး နှဖူးကို ပွတ်နေမိ၏။

Absolute Zero (မြန်မာဘာသာပြန်)Where stories live. Discover now