08:43

83 13 2
                                    

'အကယ်၍ နိဒါန်းကသာ
စတင်ခြင်း မဟုတ်တော့ဘူးဆိုရင်...'

'

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

...

'နောက်ထပ် နှစ်ပုဒ်လောက် ထပ်လုပ်​ရအောင်... အဲ့ဒါလည်း မှန်တယ်ဆိုရင် အိမ်ပြန်လို့ ရပြီ'

စနေနေ့တိုင်း ဆိုင်ကို လာပြီး စာသင်ကြတဲ့ အထက်တန်းကျောင်းသားအုပ်စုကို ကျွန်တော် စာသင်ပေးနေခဲ့တာ... Ongsaရဲ့သူငယ်ချင်းတွေက ချစ်ဖို့ ကောင်းပေမယ့် ပြောစကားကိုတော့ သေချာနားမထောင်ဘူး။ သူတို့ကို ကျွန်တော် ဘယ်အချိန်ထိ စာသင်ပေးနိုင်မှာလဲ။

'ကော်ဖီပါ။ ဆရာP'Suan'

ခပ်အောအော အသံလေးကို ကြားပြီးတာနဲ့ ထိုကောင်လေးက ကျွန်တော့်ဘေးနားက ခုံမှာ ဝင်ထိုင်လာခဲ့တာ... ပြီးတော့မှ Ongsaက ကော်ဖီခွက်ကို ရှုပ်ထွေးနေတဲ့စားပွဲပေါ် တင်လိုက်တယ်။

'ဒီတစ်ခါတော့ ကျွန်တော့်ရဲ့နှလုံးသားက အခြားအရာတွေထက် ပိုပြီး လှနေတာ...'

သူ ဆိုလိုချင်တာကတော့ ကော်ဖီပေါ်မှာ နို့နဲ့ ပုံဖော်ထားတဲ့ပုံလေးနေမယ်။

'ဒီလို ကော်ဖီဖျော်တာနဲ့ အချိန်ကုန်မယ့်အစား စာကိုပဲ သေချာအာရုံစိုက်ပြီး လုပ်...'

ကျွန်တော်က Ongsaကို ဆူနေတာဆိုပေမယ့်လည်း Ongsaက ဂရုမစိုက်ဟန်ဖြင့် ဒီအတိုင်း ဆက်နေကာ ကျွန်တော့်မျက်နှာကို အရူးတစ်ယောက်လိုမျိုး စိုက်ကြည့်နေခဲ့တယ်။

'မင်း ဘာကို ကြည့်နေတာလဲ'

'ကျွန်တော့်မှာ ကိုယ် ကြည့်ချင်တဲ့အရာကို ကြည့်ပိုင်ခွင့် အပြည့်အဝ ရှိတယ်'

'ဘာပဲဖြစ်ဖြစ် ကြည့်ပိုင်ခွင့်ရှိတယ်ဆိုတော့ မင်း ကြည့်နေတာက ငါ့မျက်နှာလား'

Absolute Zero (မြန်မာဘာသာပြန်)Where stories live. Discover now