" အားလုံးဘဲ ဒီပန်းအိုးလေးတွေ မူလနေရာထားပြီးရင် နားလို့ရပြီနော် မြက်နှုတ်တဲ့သူတွေလည်း နောက်နေ့မှ ဆက်လုပ်ကြတော့ ညခုနှစ်နာရီလောက်ကျရင် စံအိမ်ထဲမှာ အကုန်လုံး နွားနို့လာသောက်ကြနော် အဲ့ဒါ သခင်ကြီးရဲ့ baby အမိန့်နော်.."

" ဟုတ်ကဲ့ အစ်ကိုလေး.."

သခင်လေးရဲ့ အမိန့်ဆိုတော့လည်း သူတို့ငြင်းလို့မရနိုင်တာကြောင့် အကုန်လုံး ခေါင်းငြိမ့်ကြရ၏ ။

ဆော့ဂျင်နဲ့ ဂွန်းဟူကတော့ လက်ချင်းချိတ်ကာ အထဲကို မြောက်ကြွမြောက်ကြွနဲ့ဝင်သွားတာကိုကြည့်ပြီး ယွန်ဂီရဲ့တပ်ဖွဲ့ဝင်တွေက သံသယဝင်နေတာမို့ သူတို့ရဲ့ ခေါင်းဆောင်ဆီကြိုပြီး အကြောင်းကြားထားလိုက်သည်။

အစ်ကိုလေးတို့နဲ့ သခင်လေးပုံစံကြည့်ရတာ ဘယ်လိုမှကို သွေးရိုးသားရိုးမနိုင်..အကြောင်းကြားထားတာက သူတို့အတွက် ပိုပြီး အဆင်ပြေသည်။

~

~

~

" အလုပ်သမားတွေနဲ့ အစောင့်တွေ ကို တိုက်ပြီးပြီလား..အားလုံးသောက်ကြလား.."

" တိုက်ပြီးပြီ ဂျောင်ဂု..အကုန်သောက်ကြတယ် သခင်ကြီးနဲ့ ဘဲကြီးတို့ဘဲ ကျန်တော့တယ်.."

ဆော့ဂျင်ကပြောတော့ သူတို့အားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အားပေးလိုက်ကြပြီး နွားနို့လေးခွက်ကို တစ်ခွက်စီကိုင်ကာ ထယ်ယောင်းတို့ရှိတဲ့ စာကြည့်ခန်းထဲ ဝင်သွားလိုက်သည်။

" ဘဲကြီး! "

" ဦး "

" မောင်! "

" သခင်ကြီးး."

လေးယောက်သား မျက်နှာချိုသွေးကာ အထဲကို ခေါ်ပြီး ဝင်သွားလိုက်သည်။သူတို့ဝင်လားတည်းက ထယ်ယောင်းတို့က တစ်ယောက်ကို တစ်ယောက် မျက်ခုံးပင့်ကာ ကြည့်လိုက်ကြ၏။ဒါကို မမြင်ဘဲ ရှေ့တိုးကာ နွားနို့တိုက်ဖို့လုပ်နေကြတဲ့ ဂျောင်ဂုတို့..

" နို့လာတိုက်တာ ဦးး အားရှိအောင်.."

ဂျီမင်က ယွန်ဂီရဲ့ပေါင်ပေါ်ဝင်ထိုင်ပြီး နွားနို့ခွက်ကို စားပွဲပေါ်တင်ပြီး ပြောလိုက်သည်။ဆော့ဂျင်တို့လည်း သူတို့လူတွေရှေ့ နွားနို့ခွက်ချပေးလိုက်၏။

A Lover of Mafia ( Complete )Where stories live. Discover now