" ဘာမှအားနာစရာမလိုပါဘူး ... ကလေးကဖျားနေတယ် ထင်တယ် ... ညဉ်းယောကျာ်းရော ပြန်မလာသေးဘူးလား "
" ဟုတ်တယ် အန်တီ... ကလေးကို ဆေးခန်းသွားပြမယ်ဆိုပြီး ..
ကိုမင်းကလဲ ဒီနေ့ကျမှ နောက်ကျနေလိုက်တာ.. "ပုံမှန်အချိန်ထက် နောက်ကျနေသော ယောကျာ်းဖြစ်သူကို စိတ်ပူနေမိကာ...
ဆေးခန်းသွားပြမယ်လို့ ပြောခဲ့ပြီး အပြန်နောက်ကျနေတော့ ပိုပြီးစိတ်ပူနေမိသည် ။" အန်တီ အကူအညီလေးတစ်ခုလောက်တောင်းချင်လို့ "
" အေးပြောလေ "
" ကလေးကို ခဏလောက်ကြည့်ထားပေးလို့ရမလား ..ကျွန်မ ကိုမင်းအလုပ်ဆီလိုက်သွားချင်လို့ "
" သူ့အလုပ်ကဝေးလား "
" မဝေးဘူး ဟိုလက်လမ်းတင် "
" အေးအေး အဲ့ဒါဆို လိုက်သွားလေ ... ကလေးကို ငါကြည့်ပေးထားမယ် "
ပူပန်နေသည့် စိတ်တို့ဟာ အစိုးမရနေခဲ့ ..
ကလေးငယ်ကြောင့်များလား ...
တစ်မနက်လုံးလေးလံနေသည့် စိတ်တို့နဲ့အတူ လေးလံနေသည့် ခြေလှမ်းများကို သယ်ဆောင်ကာ ကြိုးစားလျှောက်လှမ်းနေရသည် ။
မှောင်ရီစပျိုးနေသည့် အချိန်သည် စိုးရိမ်စိတ်တို့ကို ပို၍ အားပေးနေသယောင် ..
ခပ်စိမ့်စိမ့်တိုက်ခတ်လာသော လေစိမ်းများကြောင့် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လှမ်းနေမိသည် ။ခပ်မှိန်မှိန်မီးရောင်လေးနှင့် ကွမ်းယာဆိုင်လေးတစ်ဆိုင်ကိုတွေ့နေရပြီး ခပ်လှမ်းလှမ်းက ဆောက်လုပ်ရေးတွင်တော့ လူတစ်ဦးတစ်လေတောင် မတွေ့ရချေ ။
" ဦးလေး... ဟိုရှေ့က ဆောက်လုပ်ရေးက လူတွေက ပြန်ကုန်ကြပြီးလား "
" အေး.. သူတို့ကပုံမှန် ၆နာရီဆို ပြန်ကြတယ်ကွယ် ..
ခုက ၇နာရီတောင် ထိုးတော့မှာဆိုတော့ အကုန်ပြန်ကြပြီပေါ့ ..."စကားတစ်ခွန်းဟာ အတွေးပေါင်းမြောက်များစွာကို ဖြစ်ပေါ်စေသည် ဆိုတာက မှန်၏ ။
အခု ကျွန်မရဲ့စိတ်ထဲတွင်လဲ အတွေးပေါင်းမြောက်များစွာနှင့်ပင် ။" ကလေးမက ဘယ်သူ့ကိုရှာချင်လို့လဲ.."
" ကျွန်မ.. ကိုမိုးထက်ကို လာရှာတာပါ "
Part_1
Start from the beginning