7 ( Final )

1.8K 147 5
                                    

Unicode
________

ချယ်ယောင်းမာနိုဘန် ရယ်လို့ ကိုယ့်ကိုယ်ကိုယ် တစ်ဦးတည်းသဘောနဲ့ နာမည်ပြောင်းလိုက်တဲ့နေ့ကစပြီး ချယ်ယောင်းဟာ စာကို ဒေါက်တာလီဆာနီးနီး ချစ်ခင်စုံမက်ပြီး အပက်တကုတ် ကြိုးစားရပါတော့တယ် ။ နာမည်ပြောင်းတဲ့ ကိစ္စကတော့ နှစ်‌ဦးသဘောတူ ဖြစ်ရင်ဖြစ်မှာပေါ့ မပြောတတ်ဘူး ။

" ဒေါက်တာလီဆာ ကျွန်မ သင်္ချာမရဘူး "

အဖွားကို လာစစ်ဆေးပေးတဲ့ ဒေါက်တာလီဆာကို အခန်းထဲ ဆွဲခေါ်ပြီး ကလေးလို ကပ်ချွဲမိတယ် ။ အဲ့လိုအချိန်တော့ အမြင်ကပ်တာလည်း မသိဘူး ၊ ကြည့်မရတာလည်း မသိဘူး ။ ချဉ်ဖက်ဆိုရင်  ‌ဒေါက်တာလီဆာလေ လို့ ဖြေမိတဲ့ ပတ်ချယ်ယောင်းက အခုတော့ ချဉ်ဖက်ဟာ ဂင်ချီပါလို့ပဲ လက်ခံထားရတယ် ။

"  သင်ပေးမယ်လေ ၊ ဘယ်အချိန်တွေ လာပေးရမလဲ "

" အမြဲတမ်းမဟုတ်ပါဘူး ၊ ဒေါက်တာ လီဆာ အားတဲ့အချိန်လောက်ပဲ ။ ကျွန်မလည်း self study လုပ်ရင်းပေါ့ "

ဖြစ်နိုင်ရင်တော့ အချိန်တိုင်း ခေါ်ထားလိုက်ချင်တာ ဒေါက်တာလီဆာရယ် ။

-

" ဒါတွေ မှားနေတယ် ၊ ဘယ်နေရာမှားလဲ ပြန်စစ် "

တစ်စက္ကန့်လေးတောင် ခေါ်မထားချင်တော့ပါဘူး ဒေါက်တာလီဆာရယ် ။

ဂင်ဂျန်နီကတော့ အစကတည်းက ဉာဏ်ကောင်းတဲ့ကောင်ဆိုတော့ တစ်ပုဒ်ပဲ ပြင်ရလို့ ခပ်ပြုံးပြုံး ။ တစ်ဝက်လောက်မှားတဲ့ ချယ်ယောင်းကတော့ ထိုင်ငိုချင်နေပြီ ။

"  ဒီနေရာမှာ လက္ခဏာပြောင်းရမယ်လေ ၊ အပေါ်မှာ plus ဆို ဒီကိုရောက်ရင် Minus ဖြစ်မယ် ။ နားလည်လား "
" ချယ်ယောင်း ! "

" ဒေါက်တာ လီဆာ ဘာလို့ ကျွန်မကိုပဲ အော်နေတာလဲ "

" စာမရတာက မင်းလေ "

" ကျွန်မ အကုန်မှန်တယ်ဆိုတော့ ပြန်လို့ရပြီမဟုတ်လား ဒေါက်တာလီဆာ "

ဂင်ဂျန်နီကတော့ ချယ်ယောင်းနဲ့ ဒေါက်တာလီဆာရဲ့ တင်းမာမှုကို မျက်ကွယ်ပြုပြီး လွယ်အိတ်ကလေးကောက်ကိုင်လို့ ထွက်သွားပါပြီ ။ သူ အစ်မဂျီဆူးကို မသိမသာ ဝေ့ကြည့်သွားဦးမှာ ။ ချယ်ယောင်းရဲ့ ပါမစ်က အပြည့်မရသေးဘူးလေ ။

You've reached the end of published parts.

⏰ Last updated: Oct 06, 2023 ⏰

Add this story to your Library to get notified about new parts!

Blonde is a Naughty Where stories live. Discover now