3

988 129 18
                                    

Unicode
_______

အရှေ့က အစ်မဂျီဆူးတစ်ဖြစ်လဲ ဆရာမဂင်က ဂျန်နီ့ကို ကြည့်ပြီး သက်ပြင်းတစ်ချချ ။ ဂျန်နီကလည်း ဂင်ဂျီဆူး အလုပ်မဆင်းရေး တို့အရေး သတ်မှတ်ပြီးတော့ကို သိပ္ပံကိုစာအုပ်ကို ဟိုလှန်ဒီလှန်နဲ့ မေးစရာတွေ ရှာနေလေရဲ့ ။

" စီနီယာ "

" ဪ လီဆာ ရောက်လာပြီလား "

ဒေါက်တာလီဆာက ကတ်ထူပုံးတစ်ခုကို လက်ထဲ သယ်ထားရင်း အစ်မဂျီဆူးကို အရိုအသေပြုတယ် ။ ပြောရရင် ဒေါက်တာလီဆာက ချယ်ယောင်းနဲ့သာ အချိုးမပြေတာ ၊ အစ်မဂျီဆူးအရှေ့မှာတော့ စကားကိုတောင် ကြမ်းကြမ်းမပြောဘူး ။

" ဘယ်နားထားပေးရမလဲ စီနီယာ "

လက်ထဲက ပုံးကို ခပ်ဆဆ မ,ပြရင်း မေးတော့ အစ်မဂျီဆူးက ရုံးခန်းထောင့်ကို ညွှန်ပြတယ် ။

" ဘယ်နှပုံးကျန်သေးလဲ လီဆာ "

" နှစ်ပုံးတော့ ကျန်သေးတယ် စီနီယာ "

" ချယ်ယောင်း ၊ လိုက်ကူပေးလိုက် "

" ဟင် ယောင်းကလား ၊ အာ မလိုက်ချင်ပါဘူး "

" ‌ချယ်ယောင်းရား သူငယ်ချင်းကလည်း လိုက်သွားလိုက်ပါဟာ "

အစ်မဂျီဆူးနဲ့ နှစ်ယောက်တည်း ရှိခွင့်ရမယ့် အခွင့်အရေးကို လက်လွှတ်မခံတဲ့ ဂျန်နီက ချယ်ယောင်းကို ဒေါက်တာလီဆာ့နောက် လိုက်သွားဖို့ အတင်းတွန်းပို့တယ် ။

" ပတ်ချယ်ယောင်းရှီ ဆရာဝန်ဖြစ်ချင်တာဆို "

ဟယ် ထူးထူးနဲ့ဆန်းဆန်း ။ ဒေါက်တာလီဆာက ချယ်ယောင်းကို စကားတွေ စပြောလို့ပါလား ။

" အင်း "

ပြီးတော့လည်း ဘာမှ ထပ်မပြောဘဲ သူ့ကားနောက်ထဲက ကတ်ထူပုံးတွေကို ထုတ်တယ် ။

သူ့ဆီကနေ တစ်ခုကို လက်လွှဲယူတုန်းမှာ ဖျက်ခနဲထိသွားတဲ့ လက်ဖျားတွေက အေးစက်စက် ။

ပြန်လှည့်ထွက်လာတုန်း ချယ်ယောင်းရဲ့ခြေထောက်‌နားကို ဘောလုံးတစ်လုံးက လိမ့်လာတယ် ။ ဟားဟား ဘယ်ရမလဲ မက်ဆီရဲ့ ညီမ ရိုဆီကွ ။

ဝှီး ~~~~~

ဘုန်း

‌ဗုဒ္ဓေါ ။

Blonde is a Naughty Where stories live. Discover now