5

1.1K 143 21
                                    

Unicode
_______

ဒေါက်တာလီဆာက တော်တော်ကို ဆိုးတာပါ ။ ချယ်ယောင်းကို နေမထိထိုင်မသာဖြစ်အောင် လုပ်ပြီး သူကျ ထိုင်းကို ပြေးရော ။

" ‌လီဆာ ပြန်မလာသေးဘူးလို့ ယောင်းလေးရေ ၊အဲဒါ ဂျွန်ယောင်းနေမှာ "

ကားသံကြားတိုင်း ဖင်တကြွကြွဖြစ်နေတဲ့ ချယ်ယောင်းကို အစ်မဂျီဆူးကတောင် သတိထားမိလာတဲ့အထိ ။

" သိပါတယ် ။ ဂင်ဂျန်နီလားလို့ ကြည့်နေတာ "

" ဟဲ့ ငါ နင့်အိမ်ရောက်နေတာ နှစ်နာရီလောက်ရှိပြီ "

" ဟင် နင်က ဘယ်တုန်းက ရောက်နေတာလဲ "

မီးဖို‌ခန်းထဲကနေ လှမ်းအော်တဲ့ ဂျန်နီ့ကြောင့် ဖြေရှင်းစရာ စကားလည်း ရှာမရတော့ ။ အစ်မဂျီဆူးကတော့ ချယ်ယောင်းကို ကြည့်ပြီး ခေါင်းတခါခါ ။

" ဂျီဆူးလေး ၊ သရက်သီး "

" ဟော ဝယ်လာပြန်ပြီ "

ဂျန်နီက လက်ထဲက သရက်သီးတွေ လှလှပပ စီထည့်ထားတဲ့ ပန်းကန်ကို အစ်မဂျီဆူးရှေ့ သွားချပေးတယ် ။ အစ်မဂျီဆူး သရက်သီးစားချင်တယ်လို့ ပြောလိုက်တဲ့ ရက်က စပြီး နေ့စဉ်နေ့တိုင်း သရက်သီးတွေ ဝယ်ဝယ်လာတာ တစ်ပတ်တောင်ကျော်ပြီ ။

" အစ်မဂျီဆူးလည်း မုန်းနေလောက်ပါပြီ ဂျန်နီရယ် "

ပြောပြောဆိုဆိုနဲ့ ပန်းကန်ထဲက သရက်သီးကို လှမ်းနှိုက်တော့ ချယ်ယောင်းကို ဖျက်ခနဲ ရိုက်ချတယ် ။

" လူကြီးကို အရင်ကျွေးရမှာပေါ့ ဘာလဲ "
" ဂျီဆူးလေး အရင်စား "

ဂျန်နီ့ကို မျက်စောင်းထိုးရင်း နှုတ်ခမ်းမဲ့ပြတော့ ချယ်ယောင်းကို လျှာထုတ်ပြီး ပြောင်ပြတယ် ။ အစ်ကိုဂျွန်ယောင်းဝင်လာမှ အချွန်နဲ့ကို မ ပြမယ် ကြည့်နေ ။

" ဂျီဆူး ငါ ခန်းမ ကြည့်ပြီး ပြန်လာတာ ၊ အဲဒါ အဆင်ပြေတာ သုံးခုလောက်တော့ တွေ့ခဲ့တယ် ၊ ရွေးကြည့်ဦး "

အစ်ကိုဂျွန်ယောင်းက လက်ထဲပါလာတဲ့ စာအုပ်သုံးခုကို အစ်မဂျီဆူးရှေ့ကို ပို့ပေးတယ် ။ အဲဒီ့အချိန်မှာ ဂင်ဂျန်နီ ဖြစ်သွားတဲ့ မျက်နှာကလေ တကယ်ကို ...

Blonde is a Naughty Where stories live. Discover now