6

1.2K 139 16
                                    

Unicode
__________

" ကျွန်မတို့ နှစ်ယောက်အကြောင်းကို တိုတိုနဲ့လိုရင်းပဲ စာဖွဲ့ရရင် ဘယ်လို ဖြစ်လောက်မလဲ ဒေါက်တာလီဆာ "

" Baddest Destiny "

ရွှေအိုရောင်တွေ ဒေါသတကြီး ခါရမ်းသွားတာကို မျက်ဝန်းထောင့်ကနေ မြင်လိုက်ရတယ် ။ သူ့မေးခွန်းအတွက် ပြန်ရလိုက်တဲ့ အဖြေကို မကျေနပ်တဲ့ ပုံပဲ ။

" ဒေါက်တာလီဆာ့အတွက် best destiny ရော ရှိလာမယ်လို့ ထင်နေလို့လား "

" လွယ်ပါတယ် ၊ baddest ကို best အနေနဲ့ ပြောင်းလိုက်ရုံပေါ့ "

သွေးစို့နေတဲ့ ဒူးခေါင်းကို ပိုးသတ်ပေးဖို့ အရက်ပျံစွတ်ထားတဲ့ ဂွမ်းစနဲ့တို့ထိတော့ တွန့်ခနဲ ဖြစ်သွားတယ် ။

" ကျွန်မ ဒေါက်တာလီဆာကို တကယ် သဘောမကျဘူး "

" အင်း ငါကလည်း ပြန်သဘောကျပေးဖို့ မပြောမိပါဘူး "

မြတ်နိုးရတဲ့လူဆီကနေ ကိုယ့်ကို သဘောမကျပါကြောင်း ထပ်တလဲလဲကြားနေရတာက လီဆာ့အတွက်တော့ ဝဋ်ကျွေးပဲ ။ ဒါပေမယ့် မဆိုးလှပါဘူး ။ ရွှေအိုရောင်တွေက ခါးခါးသီးသီးငြင်းဆန်နေတာတော့ မဟုတ်ချေဘူးလေ ။

" တကယ်ပြောတာ "

ထိုင်နေတဲ့ သူနဲ့ အရပ်ညီသွားအောင် ဒူး‌ကိုကွေးပြီး လက်ထောက်လိုက်တော့ သူ့ရဲ့ အညိုရောင်မျက်ဝန်းတွေက လှလှပပကို အလန့်တကြားဖြစ်သွားတဲ့ပုံ ။

" ငါ သိပါတယ်လို့ ဘယ်နှခါလောက်ထပ်ပြောပေးရမလဲ "

" ကျွန်မ ဒေါက်တာလီဆာကို တကယ် သဘောမကျဘူး "

ခဏခဏ ကြားနေရတော့လည်း နားရည်ဝလာတဲ့ လူလိုပဲ ။

" ညနေကျ အဖွားကို စစ်ဆေးပေးဖို့ လာခဲ့မယ် "
" ပြီးတော့ နောက်တစ်ပတ်ကျရင် ငါ ဆေးရုံကို ပြန်တော့မှာ "

အမြဲတမ်းစကားကို ရေပက်မဝင် ပြောနေတတ်တဲ့ သူက တစ်ခဏ တိတ်ဆိတ်သွားတယ် ။ ဒါက လီဆာ့အတွက် မျှော်လင့်ချက်ရောင်ခြည်တန်းတစ်ခု ဖြစ်လေမလား ။

ဒဏ်ရာကို ပလာစတာနဲ့ ကပ်ပေးလို့ အပြီးမှာ သူက ကုတင်ပေါ်က ခုန်ချတယ် ။

Blonde is a Naughty Where stories live. Discover now