4

1.1K 147 13
                                    

Unicode
_______

" ဟေ့ "
" ချယ်ယောင်း ၊ ပတ်ချယ်ယောင်းရှီ "

ပုခုံးကို အသာအယာပုတ်လိုက်တော့ မျက်လုံးတွေကို ပွတ်သပ်ပြီး နိုးထလာတယ် ။ မျက်နှာပေါ်ဝဲကျနေတဲ့ ရွှေအိုရောင်ဆံနွယ်တွေကို လက်နဲ့ သပ်တင်လိုက်တဲ့ပုံက ဘာကြောင့်များ ဆွဲဆောင်မှုရှိနေသလို ခံစားရတာပါလိမ့် ။

" ရောက်ပြီလား "

" ရောက်ပြီ ဆင်းတော့ "

" အာ ကျွန်မခြေထောက်က မထောက်နိုင်ဘူးလေ ။  "

ကဲ ။

ဒေါက်တာလီဆာရဲ့ ကျောပေါ် အခန့်သား လိုက်နိုင်တဲ့ ကျောင်းသူကို ဆေးရုံတစ်ခု‌လုံးမှာရှိတဲ့ ဆရာဝန် ၊ သူနာပြုတွေက တအံ့တဩငေးကြည့်နေကြတယ် ။ သူ့ဆံနွယ်တွေဆီက နှင်းဆီပန်းအနံ့ ခပ်သင်းသင်းကို ‌လေအဝှေ့မှာ ဖျက်ခနဲ ခံစားမိတယ် ။

ဓာတ်မှန်ရိုက်ပြီးတဲ့အချိန်မှာ ထင်တဲ့အတိုင်း အရိုးက မဆိုသလောက် အက်သွားကြောင်း အဖြေကို ရတယ် ။

" ကျွန်မ တစ်လလောက် ကျောင်းကို ခွင့်တိုင်လိုက်သင့်လား "

စီနီယာပြောတဲ့ ဆရာဝန်အရမ်းဖြစ်ချင်ပါတယ်ဆိုတဲ့လူမှ ဟုတ်ရဲ့လားလို့ ပြန်ကြည့်မိတယ် ။ စာမေးပွဲကဖြင့် နောက်နှစ်လလောက်ပဲ လိုတော့တာကို  ။

" ရက်ပိုင်းလောက် ဆေးလိမ်းဆေးသောက်လုပ်ရင် ရပါပြီ ။ ကျောင်းတောင် ပျက်စရာမလိုဘူး ၊ ကျောင်းဆင်းတဲ့အချိန် ကျောင်းဆေးခန်းကို လာခဲ့ ။ ငါကြည့်ပေးမယ် "

" အာ ဒေါက်တာလီဆာကလည်း ၊ ဓာတ်မှန်ကလည်း ဓာတ်မှန်‌ပေမယ့် အတွင်းကြေတွေ ဘာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ၊ သုံးရက်လောက်တော့ နားသင့်တယ်မဟုတ်လား "

မျှော်လင့်တကြီးနဲ့ လီဆာ့ကို ငေးလာတဲ့ မျက်ဝန်းတွေ ။ ဒီမျက်ဝန်းတွေကို လီဆာ့ကိုအရွဲ့တိုက်ပြီး မျက်စောင်းထိုးနေရင်း၊ ဒေါသတကြီး ကြည့်နေရင်းကနေ သဘောကျမိတာလို့ ပြောရင် ဘယ်သူကမှတောင် ယုံချင်မှာ မဟုတ်ဘူး ။ သူကလည်း လီဆာ့ကိုဆို အမြင်ကပ် ၊ လီဆာကလည်း လူချစ်အောင် မနေတတ် ။ အဲ့လိုကနေ တွေ့တာနဲ့ ထေ့တတ်ငေါ့တတ်လာတဲ့အထိ အခြေအနေတွေက ဆိုးလာတော့တာပဲ ။

Blonde is a Naughty Where stories live. Discover now