2

1K 131 17
                                    

Unicode
_______

ထမင်းဝိုင်း သိမ်းပြီးသွားတဲ့ အထိတောင် ဂင်ဂျန်နီက ထမလာ ။ ဒေါက်တာ လီဆာကတော့ အဖွားကို စစ်ဆေးပေးရမယ်ဆိုပြီး လိုက်သွားတယ် ။

" ဟဲ့ ဂျန်နီ ထ "

" ဂျီဆူးလေး အီးဟီး "

" ဟ "

ဘယ်သူမှ မရှိတော့တဲ့ ထမင်းစားပွဲပေါ် ခေါင်းမှောက်ချပြီး ငိုလိုက်တဲ့ ဂျန်နီ့ကြောင့် ချယ်ယောင်းမှာ ခြေမကိုင်မိ လက်မကိုင်မိ ။

" ဟဲ့ ဘာလို့ ငိုနေတာလဲ "

" ဘယ်သူလဲ "

" ဘာကို ဘယ်သူလဲ လဲ "

" ငါ့နှလုံးသားလေးကို လုယူသွားတဲ့အကောင် "

" ဪ အစ်ကိုဂျွန်ယောင်းလေ ၊ ငါတို့ကိုတောင် စာပြပေးသေးတယ် မှတ်မိလား ။ နိုင်ငံခြားမှာ ကျောင်းသွားတက်တာ "

" ဂျန်ဒုကီ ငိုနေတာလား "

အာ ဂင်ဂျီဆူး တကယ်ပါပဲ ၊ မဆိုင်ရင် မဆိုင်သလို နေပါ့လား ။

" အစ်မဂျီဆူး ဒီနားမှာ ရှိမနေတာ ပိုကောင်းမယ်လို့ ထင်တယ်နော် "

" ရေလာသောက်တာ "
" ဂျန်ဒုကီ ? "

ဪ သွားပါတော့လို့ ဂင်ဂျီဆူးရေ ။

ချယ်ယောင်းရဲ့ ဆုတောင်းက ပြည့်သွားလားတော့ မသိဘူး ၊ အရှေ့က ကားသံကြောင့် အစ်မဂျီဆူးထွက်သွားတယ် ။

ဪ မပြည့်ဘူးပဲ ။

" ငါက မနက်လောက်မှ လာမယ် ထင်တာ "

" အိမ်မှာ ပစ္စည်းတွေ ချပြီးပြီးချင်း ထွက်လာတာလေ ၊ နင့်ကိုလည်း တွေ့ချင်လို့ ။ အဖွားကိုလည်း နှုတ်ဆက်ရင်းလေ "

ကဲ ဘယ်လောက်တောင် မပြည့်လဲဆို ဂင်ဂျီဆူးရဲ့ သတို့သားလောင်း နိုင်ငံခြားက ပြန်လာတဲ့အချိန်နဲ့ကို သွားတိုးတာပါပဲ ။

" အစ်ကိုဂျွန်ယောင်း ရောက်လာပြီလား "

သူငယ်ချင်းကလည်း သူငယ်ချင်း ပေမယ့် ခဲအိုလောင်းကလည်း ခဲအိုလောင်းပေမို့ အရိုအသေတော့ ပြုရသေးတယ် ။

" ဂျီဆူးလေး "

ထမင်းစားခန်းက ရုတ်တရပ် ထလာပြီး အစ်မဂျီဆူးကို ဖက်လိုက်တဲ့ ဂျန်နီ့ကြောင့် ချယ်ယောင်းမှာလည်း မျက်လုံး အဝိုင်းသား ။

Blonde is a Naughty Where stories live. Discover now