အပိုင်း(၄၄)

Começar do início
                                    

" မလွတ်နိုင်ပါဗျာ.....ဒီကိုယ်လုံးနွေးနွေးလေးကို ခုလိုဖြစ်ညှစ်ချင်တာ ...."

" လွတ်နော်....မလွတ်ရင် ကိုက်မှာ..."

"ဟားးးးးးးးး"တဟားဟားအော်ရယ်ပြီး လွယ်အွေ့လေးကို ရင်ခွင်ထဲထည့်ကာနောက်ဘက်ဆီကနေ သိမ်းကျုံးဖက်ထားသဖြင့် ကိုကို့ရင်ခွင်ထဲကလေးငယ်သဖွယ် ခန္ဓာကိုယ်လေးကျုံ့သထက်ကျုံ့အောင် တိုးဖက်ပြီး အောင်နိုင်သူလို အော်ရယ်နေတဲ့ ကိုကိုပြေ့ဘုန်းမာန်ရဲ့ သိုင်းဖက်ထားတဲ့ ဘယ်ဘက်လက်ကောက်ဝတ်လေးကို ရှေ့သွားလေးဖြင့် ဖိကိုက်ကာ လွတ်ပေးဖို့တောင်းဆိုနေတဲ့ ချစ်ရပါသော ကလေးငယ်ငယ်။

" ..အ့.....ကိုယ့်အချစ်က ခွေးပေါက်လေးလားကွာ.....ဟာားးးး"

ဘယ်ဘက်လက်ကောက်ဝတ်လေး ကိုက်ခဲခံနေရသည့်တိုင် ရယ်မောနေသေးတဲ့ကိုကို့ ကိုမကျေနပ်သဖြင့် အားထည့်ကာ ပိုကိုက်ခဲမိတော့ လည်း လွတ်ပေးဖို့ မတောင်းခဲ့ပါ။

အားပါပါ ကိုက်ခဲမိတဲ့တစ်ခဏ အသိစိတ်ဝင်ကာ ချစ်ရသူလက်ကောက်ဝတ်လေးကို ငုံ့ကြည့်မိတော့ ဝမ်းနည်းစိတ်ကာ ပိုတိုးလာသည်မို့ မဖိတ်ခေါ်ပဲ ရောက်လာတဲ့ မျက်ရည်တို့က ရစ်သိုင်းဝေ့လာပြီး တစ်ချက်တစ်ချက် တုန်သွားသော ခန္ဓာကိုယ်လေးကို ချစ်ရသူက သတိထားမိပြီး ပြာပြာသလဲ ချော့နေသေးသည်။

ကိုက်ခံရသည်ကမနာကျင်သည့်အလား ....!

" အင့်......"

" ဟော......ဟောဗျာ....ဘာဖြစ်လို့လဲ ကလေးလေးရယ်....ဘာဖြစ်တာလဲ "

နောက်ကျောပေးကာ ချစ်ရသူရင်ခွင်ထဲထိုင်နေတဲ့ ကိုယ့်ကို မျက်နှာချင်းဆိုင်ခွလျက်သား ပြောင်ထိုင်စေပြီး ရစ်သိုင်းလာတဲ့ မျက်ရည်တွေကိုအလိုမကျစွာ ကြည့်ပြီး စိတ်မကောင်းဖြစ်နေလေရဲ့...။

" ကျွန်တော်က လူဆိုးဖြစ်ရပြီ ...အမှားလည်းမလုပ်ပဲနဲ့ ..အင့် "

" ဟောဗျာ...ဘယ်သူကပြောလဲ ကိုယ့်အချစ်ကို လူဆိုးလို့ ! ...မဟုတ်တာပါကွာ..."

" ဒီမှာ.....အင့်......နာရင်ပြောပါ့လား...."

" အော် ......ဒါလား....."

မိမိကို ပွေ့ဖက်ထားသည့် ဘယ်ဘက်လက်လေးအား ယူကာ ကိုက်ခဲခံထားရသည့် သွားကိုက်ရာအပြည့် နီရဲနေသော လက်ကောက်ဝတ်လေးကို ပြမိတော့ မနာကျင်တဲ့အပြင် ကျေနပ်နေသော အပြုံးတို့ဖြင့် နဖူးပေါ် ကျရောက်လာသော အနမ်းတစ်ပွင့်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာOnde histórias criam vida. Descubra agora