မမလေးက အစ်ကိုလေးဘေးမှာထိုင်ရင်း မျက်နှာမသာမယာနဲ့ရှိနေသည်
အစ်ကိုလေးက ကျန်တာ မမလေးသဘောကျအလိုလိုက်ပေမယ့် မမလေးနဲ့ကလေး အန္တရာယ်ဖြစ်စေမည့်အရာဆို တင်းတင်းကြပ်ကြပ်တားမြစ်လေ့ရှိသည်
သက်သေမကျန်အောင် လက်စဖျောက်ထားပါရဲ့နဲ့ ဒီဝါးခြူတံနေရာပြန်ချဖို့ ဘာလို့မေ့သွားခဲ့တာပါလိမ့်
အစ်ကိုလေးကလေ မမလေးအန္တရာယ်ဖြစ်စေမည့်အရာဆို အသေးစိတ်ကအစ သတိထားလွန်းတာနဲ့တော့ လက်ပူးလက်ကြပ်မိဖို့နီးနေပြီ

" ည" မောင်မေးနေတာကို အမှန်အတိုင်းဖြေမှာလား အေးကြည်ကို ရွာပြန်ပို့လိုက်ရမလား

ဟင်.....
မောင့်.....အဲ့လိုမလုပ်နဲ့လေ

ဒါဆို မောင်မေးတာဖြေလေဗျာ မောင့်ကိုမညာနဲ့ မောင် မင်းကို အစပ်တွေမစားရဘူးလို့ ပြောထားရဲ့သားနဲ့ကွာ
မောင်တို့ရင်သွေးလေးကို မင်းစိတ်မပူဘူးလား "ည"
မောင် ဒီလိုတွေလိုက်ပြောနေရတာက မင်းကိုရော မောင်တို့ရင်သွေးလေးကိုရော အန္တရာယ်ဖြစ်မှာစိုးလို့လေ

"ည"သိတယ် ဒါပေမယ့် မောင်စိတ်ပူတာချည်းက တဖြည်းဖြည်း "ည"ကို ထိန်းချုပ်ထားနေသလိုဖြစ်လာတယ်
"ည"လည်း မိခင်တစ်ယောက်ပါ ကိုယ့်ရင်သွေးကိုထိခိုက်စေမယ့်အရာဆို "ည" သေရင်သေသွားပါစေ ဘယ်တော့မှမလုပ်ဖူး
အခုက ကိုယ်ဝန်ကြောင့် ချဉ်ခြင်းတပ်တာလေ အဲ့တာကိုအရမ်းစားချင်နေတာ
အဲ့တာမို့ အေးကြည်ကို ခူးပြီး သုပ်ခိုင်းလိုက်တာ အေးကြည်လည်း မစားဖို့ကိုတားတယ် "ည"ကိုယ်တိုင်က စားချင်လို့ အေးကြည်ကို သရက်သီးသုပ်ကျွေးဖို့ တောင်းဆိုထားတာ
အဲ့တာကြောင့် အေးကြည်ကိုရွာပြန်ပို့စရာမလိုဘူး မောင် အပြစ်ပေးလို့ ခံရမယ်ဆို "ည"ပဲခံမယ် မနက်ဖြန် တီခိုင်ရှိတဲ့ ပြင်ဦးလွင်ကိုပြန်မယ် မောင့်ဘာသာ ဒီမှာ သားတို့နဲ့နေခဲ့ "

ဟင်.....အခု စိတ်ဆိုးရမှာက သူပါ ဘယ်လိုလုပ် စိတ်ဆိုးနေတဲ့လူပြောင်းသွားရတာပါလိမ့်
အခုတော့ ချစ်ဇနီးချောက ပြင်ဦးလွင်ပြန်မယ်တွေဖြစ်ကုန်ပြီ

ပြောပြီး သူ့အနားကနေထကာ ဗိုက်လေးကိုင်ရင်း ဖြည်းဖြည်းချင်းလျှောက်ကာ အောက်ထပ်ရှိအခန်းထဲဝင်သွားပြီမို့ ဂုဏ့်မှာ ဘာဆက်လုပ်ရမှန်းမသိကျန်နေခဲ့သည်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now