ဟင့်အင်း မောင်မအိပ်တော့ဘူးဆိုရင် 'ည'လည်းမအိပ်တော့ဘူး
မောင့်အနားမှာပဲ နေချင်တာ

'ည'နော် ကိုယ့်ကို အသည်းယားအောင် ခြွေနေပြန်ပြီ

'ည'မခြွေလည်း အလိုလိုနေရင်း မောင်က ကြွေနေတာမဟုတ်ဘူးလား

အဟွန်း သိပ်ဟုတ်တာပေါ့ဗျာ
ကဲ ဒါဆို မောင်တို့‌မျက်နှာသစ်ရအောင်

ဟုတ်......"

''''''''''' '''''''' '''''''

" မောင်....သားသားတို့ကို 'ည'သွားနိုးလိုက်ဦးမယ်

ရတယ် ရတယ် ကိုယ်ပဲသွားနိုးလိုက်မယ် 'ည'က ငြိမ်ငြိမ်လေးပဲထိုင်နေနော်

ဟုတ်......."

ဂုဏ် သားသားတို့အခန်းတံခါးကိုအသာဖွင့်လိုက်တော့ မြင်လိုက်ရသည်က ညီအစ်ကိုနှစ်ယောက်စလုံးအတွက် ပြင်ပေးထားသည့်ကုတင်ပေါ်၌ 'ယံယံ'ရော 'နေနေ့'ကိုရော မတွေ့ရပေ။
ဒီနှစ်ယောက်ဘယ်ရောက်နေပါလိမ့်....ကြားသားမိုးကြိုး အစောကြီးနိုးနေကြတာပါလား

" ဝါး.....ဖေဖေလန့်သွားပြီမလား...

အဟွန်း ဖေ့သားနှစ်ကောင်က တံခါးနောက်မှာ ပုန်းနေတာကို....အစောကြီးနိုးနေကြပါလားကွ

မေမေရော ဖေဖေ.....မေမေရော သားတို့ကို လာမနိုးဘူးလား

မေမေက အောက်ထပ်မှာ ထမင်းစားခန်းမှာ မနက်စာစားဖို့စောင့်နေပါတယ်
ဖေဖေက မေမေ့ကိုလာမနိုးခိုင်းတာက လှေကားအတက်အဆင်းတွေက မေမေ့အတွက် အန္တရာယ်များတယ်လေ

ဟုတ်ကဲ့ ဖေဖေ...

သားတို့ မျက်နှာသစ်ပြီးပြီလား

ဟုတ် သစ်ပြီးပြီ ဖေဖေ

လိမ္မာလိုက်တာဗျာ ကဲ ဒါဆို ဖေဖေတို့အောက်ဆင်းကြရအောင်

ဟုတ်ကဲ့ ဖေဖေ...."

" မေမေရေ.... Good morning ပါဗျာ
Good morning ပါ မေမေခင်ဗျ
အငယ်လေးလည်း Morning ပါ
အငယ်လေးလည်း Morning ပါ...."

ယံယံနဲ့နေနေက  အိပ်ရာနိုးလာပြီဆိုရင် သူတို့ရဲ့အငယ်လေးကို Morning ပါဟု အမြဲနှုတ်ဆက်တတ်သည်က ချစ်စရာအကျင့်လေးတစ်ခုပင်။

" Morning ပါရှင် မေမေ့သားလေးတွေ ညက ကောင်းကောင်းအိပ်ပျော်ကြရဲ့လား

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now