သမု ငါကနင့်.....

သူငယ်ချင်းမှန်း ငါသိတယ် ငါအဆင်ပြေတာမို့ နင်ဂရုစိုက်ရမယ့်လူကိုပဲ ဂရုစိုက်ပေးလိုက်ပါ

ဟမ် ဘယ်သူ့ကိုပြောနေတာလဲ သမု
ငါနားမလည်ဘူး

အဲ့တာနင့်အပိုင်းလေ ငါ့အပိုင်းမဟုတ်ဘူး

သမု....သမု ငါမေးနေတယ်လေ

ငါ့လက်ကိုလွှတ် ဒါလုပ်ငန်းခွင်နော် သွင်ထက် တစ်ခြားလူတွေမြင်ရင် ဝေဖန်စရာတွေဖြစ်ကုန်မယ် ဆင်ခြင်ပါ

ဆောရီး သမု ငါသတိလွတ်သွားတယ်
ငါ နင့်ကိုစိတ်ပူသွားလို့ပါ "

သမုက သူ့ရှေ့ကနေ ဘာစကားမှထပ်မပြောတော့ပဲ ထွက်သွားလေသည်
သမု သူ့ကိုစိတ်ဆိုးနေတာများလား မနေ့ကအထိအဆင်ပြေနေတဲ့ ဆက်ဆံရေးက ရုတ်တရက် ဘာဖြစ်သွားတာလဲ

(အထင်လွဲပြီး သဝန်တိုသွားတာလေ ငကြောက်လေးရဲ့ )
''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

" မသီတာသွယ်စင်...ကျွန်တော် ဒီအရာတွေကို လက်မခံပါရစေနဲ့ ပြန်ယူသွားပါ

ဒေါက်တာ ကျွန်မရဲ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့တော့ လက်ခံပေးပါနော်

ကျွန်တော် လက်မခံဘူးလို့ အရှင်းဆုံးပြောပြထားပြီးပြီနော် မသီတာသွယ်စင် အပြုအမူတွေကို ဆင်ခြင်ပါ အများအမြင်မှာ အထင်အမြင်လွဲစေနိုင်မယ့်အပြုအမူမျိုးကို ရှောင်ပါ

ဒီဆွယ်တာက ကျွန်မကိုယ်တိုင် ဒေါက်တာ့အတွက် ရည်ရွယ်ပြီးထိုးပေးထားတာပါ
ဒေါက်တာ့ကို ကျွန်မချစ်နေတာ သိရဲ့နဲ့ ဘာလို့အဝေးကိုတွန်းထုတ်နေရတာလဲ ဒေါက်တာ ကျွန်မမှာ ဒေါက်တာလက်မခံနိုင်တဲ့ အရာများရှိနေလို့လား

ဟုတ်တယ် မသီတာသွယ်စင်
ကျွန်တော့်မှာ ချစ်ရတဲ့အမျိုးသမီးလေးရှိနေခဲ့ပြီးသားပါ သူမကလွဲလို့ ဘယ်အမျိုးသမီးကိုမှ ကျွန်တော်ရွေးချယ်မှာမဟုတ်ဘူး
သူမကသာ ကျွန်တော့်ဘဝရဲ့မူပိုင်ရှင်မို့ မသီတာသွယ်စင်ရဲ့မေတ္တာကိုရော မသီတာသွယ်စင်နဲ့ ပက်သက်သမျှ ဘယ်အရာကိုမှ  ကျွန်တော့်ဖက်က လုံးဝလက်မခံကြောင်း အရှင်းဆုံးပြောပြနေတာပါ သည်လောက်ဆို ကောင်းကောင်းသဘောပေါက်နားလည်သွားလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်
ဒါဆို ကျွန်တော် ပြန်နှင့်ပါပြီ ခွင့်ပြုပါဦး "

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now