ဒီလို မရိုးသားတဲ့ နည်းလမ်းမျိုးကို ဘယ်သူ လုပ်တာလဲ။ ကျန်းပိလား ဒါမှမဟုတ် ကျန်းကျစ်ယန်လား။

ဖန့်ကျွင်းရုံက သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခိုင်းစေသူကို မသိမှာကို စိုးရိမ်ပူပန်ခြင်း မရှိပေ။ ကြည့်လိုက်တာနဲ့ ဒီလူနှစ်ယောက်မှာ သူတို့ထံမှ ခိုင်းစေသူကို သိရဖို့ လုပ်ဆောင်နိုင်သည့် နည်းလမ်းတွေ အများကြီး ရှိမယ့်ပုံပေါ်သည်။

***

ကျန်းကျစ်ယန်နှင့် ကျန်းစစ်သဲတို့က အိမ်ထဲတွင် ဟိုလျှောက်ဒီလျှောက် လုပ်နေကြသည်။ သူတို့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်စိတ်များကို ရေးမှတ်ထားလုနီးပါး ဖြစ်နေခဲ့သည်။

ရုတ်တရတ် ကျန်းကျစ်ယန်ရဲ့ လက်ကိုင်ဖုန်းဟာ ဖုန်းမြည်လာခဲ့သည်။ သူက ဖုန်းခေါ်ဆိုသူ နာမည်ကို မြင်ပြီး ပျော်ရွှင်စွာဖြင့် ဖုန်းဖြေဆိုခဲ့သည်။ "ကျွန်တော်တို့ သူမကို ဖမ်းမိတယ်။" မထင်မှတ်ပဲ အရေးကိစ္စတွေဟာ ထင်ထားထက် ပိုမိုချောမွေ့နေခဲ့သည်။ ဒီလိုမှန်း ကြိုသိရင် ဒီနည်းလမ်းကို စောစောစီးစီး အသုံးပြုလိုက်တာပေါ့။

အခုနတုန်းက မှုန်မှိုင်းနေသည့် အရိပ်အယောင်တွေ အားလုံး ပျောက်ကွယ်သွားပြီး အားလုံး စိတ်ပျော်ရွှင်သွားသည်။

သူတို့ အုပ်စုဟာ ကျန်းကျစ်ယန်ရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိသည့် အိမ်တစ်အိမ်သို့ အတူ ချီတက်သွားခဲ့ကြသည်။

မျှော်လင့်ထားတာနဲ့ တခြားစီ၊ သူတို့အိမ်ထဲသို့ ရောက်ရောက်ချင်းမှာပင်၊ သူတို့အားလုံး အဝိုင်းခံလိုက်ရပြီး အသံတစ်သံနှင့်အတူ လက်ထိပ်ခတ်ခံလိုက်ရသည်။

***

ဖန့်ကျွင်းရုံသည် သူမ နိုင်ငံရပ်ခြားသို့ မထွက်ခွာမီ လက်ဆောင်တစ်ခု ရရှိခဲ့သည်။

သူမ စာချုပ်ကို ဖွင့်ကြည့်လိုက်တော့ သူမအမည်အောက်သို့ ရှော့ပင်းမောလ်တစ်ခု၊ ဧက ၅၀ ဝန်းကျင်ရှိ အိမ်ခြံမြေနှစ်ခုကို လွှဲပြောင်းပေးခဲ့တာကို တွေ့လိုက်ရသည်။

ကျန်းကျစ်ဆုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်၊ "ဒါတွေက မင်းအတွက် လက်ဆောင်ပဲ။" ဖန့်ကျွင်းရုံရဲ့ အကူအညီမပါပဲ အရေးကိစ္စတွေဟာ ဒီလောက် ချောချောမွေ့မွေ့ ဖြစ်ခဲ့မှာ မဟုတ်ဘူး။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now