သူမကို အလွန်ပျော်ရွှင်စေသော အခြားဖြစ်ရပ်တစ်ခုမှာ ယခုအချိန်တွင် ကျန်းကျစ်ယန်ဟာ အလွန်အခြေအနေဆိုးနေတယ်လို့ ဆိုရပေမည်။ သူသည် ယခင်က ကျောက်စိမ်းဖြူဆေးခရင်မ်နှင့် အဆိပ်အတောက်ဖယ်ရှားဆေးလုံးတို့ကို အသုံးပြုပြီး သူဌေးအများကြီးထံမှ သဘောကျနှစ်သက်မှုများစွာကို ရရှိပိုင်ဆိုင်ခဲ့သည်။ သူက ထိုမျက်နှာသာပေးမှုများကို ပြန်ပေးလိုက်ရရုံသာမက၊ ၎င်းတို့အတွက် လျော်ကြေးပေးရန်အတွက်ပါ တောင်းဆိုခံခဲ့ရသည်။ ဒါတောင် သူတို့ရဲ့ ဆက်ဆံရေးဟာ ယိုယွင်းပျက်စီးနေဆဲဖြစ်ပြီး စိတ်သဘောထားသေးသိမ်သူအချို့က သူ့ကိုပင် လက်စားချေခဲ့သည်။

သူနှင့်အတူ ပင်မကျန်းအိမ်တော်ကို စွန့်ခွာသွားခဲ့သူတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အရမ်း‌နောင်တရနေခဲ့ပြီး ပင်မအိမ်တော်နှင့် ပြန်ပေါင်းစည်းချင်တယ်လို့ ညည်းညူနေကြသည်။ ကံမကောင်းစွာဖြင့် သူတို့ဟာ ကျန်းကျစ်ဆုနှင့် တွေ့တောင် မတွေ့နိုင်ခဲ့ပါဘူး။

ဖန့်ကျွင်းရုံက ဒီလူတွေလောက် အရှက်မရှိတဲ့သူ မတွေ့နိုင်လောက်ဘူးလို့ ခံစားရသည်။ သူတို့ဟာ အတိတ်တုန်းက ကျန်းကျစ်ယန်က အိမ်တော်ခေါင်းဆောင်နေရာ ရရှိဖို့ ကြံစည်သည့်နေရာမှ အကူအညီပေးခဲ့ကြပြီး အခု ကျန်းကျစ်ဆုရဲ့ ကောင်းတဲ့ဖက်ခြမ်းကို မြင်ရသည့်အခါကျ အနူးအညွတ် တောင်းပန်ချင်နေကြတာလား။ ကျန်းကျစ်ဆုသည် မကောင်းမှုများကို အကြင်နာတရားဖြင့် ဖယ်ရှားပေးနိုင်တယ်လို့ ယုံကြည်သည့် သူတော်စင်တစ်ဦး မဟုတ်ပေ။ သူက နူးညံ့သိမ်မွေ့တယ်လို့ ထင်ရပေမယ့် သူ့လုပ်ရပ်တွေက ပြင်းထန်သည်။

သူမ မမျှော်လင့်ထားတဲ့ အရာကတော့ ဒီလူတွေက ကျန်းကျစ်ဆုနှင့် တွေ့ဆုံခွင့်ရဖို့ ကျရှုံးခဲ့ပေမယ့် သူတို့က သူမဖက်သို့ လှည့်လာခဲ့သည်။

အရင်က သူမကို စော်ကားပြောဆိုဖူးတဲ့ ကျန်းစစ်သဲကို မြင်လိုက်ရတော့ သူမရဲ့ မျက်နှာအမူအရာဟာ ပိုလို့တောင် အေးစက်သွားခဲ့သည်။ သူမသည် ဟဲကျန်းပင်းရဲ့ ကုမ္ပဏီအသစ်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးဖို့အတွက် ဒီနေရာကို ရောက်ရှိနေတာ ဖြစ်သည်။ သူမသည် ဒီနေရာမှာ ကျန်းစစ်သဲကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now