ဒီစကားတွေကို ပြောနေတုန်းက ကျန်းယာ့ကောဟာ အရမ်းကြင်နာတတ်သည့် အမူအရာရှိပြီး သူမဟာ ပန်းချီကားထဲကနေ လမ်းလျှောက်ထွက်လာတဲ့ နတ်သမီးလေးလိုပဲ။

ဒါတွေအားလုံးက အလိမ်အညာတွေလား။

သူ့ကောင်မလေးကို သံသယမဝင်ချင်ပေမယ့် ကောယွမ်ကော်ပိုရေးရှင်းလိုမျိုး အစိုးရပိုင်လုပ်ငန်းတစ်ခုက လိမ်လည်ကြော်ငြာဖို့ အကြောင်းပြချက်မရှိဘူးလို့ သူ ခံစားခဲ့ရသည်။

ဖန့်ကြွယ်မင်သည် ဒါရိုက်တာထံမှ နေ့တစ်ဝက်ခွင့်ယူကာ ဆေးတစ်ပုလင်းလောက် သူကိုယ်တိုင် သွားဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဖန့်ကြွယ်မင်သည် လူတန်းရှည်ထဲတွင် သူကိုယ်တိုင် ပါဝင်တန်းစီပြီး နောက်ဆုံး၌ ကျောက်စိမ်းဖြူဆေးခရင်မ်တစ်ပုလင်းကို ဝယ်ယူရရှိပြီးသောအခါတွင် သူ့လက်တုန်သွားသည်။ သူက ပုလင်းအဖုံးကို ဖွင့်ကြည့်လိုက်တော့ သူ အလွန်ရင်းနှီးကျွမ်းဝင်နေသော ဆေးရနံ့ကို ရရှိလိုက်သည်။ ဒီဆေးရနံ့ဟာ သူမှတ်မိနေသည့် ဆေးရနံ့နှင့် ထပ်တူကျသည်။ ဒီအနံ့လေးကို ရလိုက်ရုံဖြင့် လူတစ်ဦးရဲ့ စိတ်ဝိညာဥ်ကို လန်းဆန်းတက်ကြွသွားစေသည်။ ဒီဆေးကို ကြိမ်ဖန်များစွာ အသုံးပြုသူတစ်ယောက်အနေဖြင့် သူသည် ဒီဆေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ အသုံးပြုခဲ့သည့် ဆေးနှင့် အတူတူဖြစ်ကြောင်းကို သိနိုင်ပေသည်။

ဒီ ၈၈၈ယွမ်သာ ကျသင့်သော ကျောက်စိမ်းဖြူဆေးခရင်မ်သည် ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိသည်ဟု ကျန်းယာ့ကော ဆိုခဲ့သည့် ဆေးနှင့် အမျိုးအစား တစ်ခုတည်း ဖြစ်လေသည်။

ဒီအခိုက်အတန့်မှာတော့ သူ့နှလုံသားထဲက နတ်သမီးလေးဟာ သေဆုံးသွားခဲ့လေပြီ။

**********************************

Zawgyi

အခန်း (၂၃၄) - ဒီအခိုက်အတန့်၌ သူ့နှလုံသားထဲမှာ နတ်မိမယ်ဟာ သေဆုံးသွားခဲ့ပြီ (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

"ဆရာဖန့်"

"ဘာပြောစရာ ရှိသေးလို့လဲ။" ဖန့်ကြွယ်မင်က သူအတွေးလွန်နေရာမှ ပြန်သတိရလာပြီး မေးမြန်းလိုက်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now