ဖန့်ကြွယ်မင်သည် အဆိုပါ မှော်ဆန်သည့် အကျိုးသက်ရောက်မှုများကို ကြားလိုက်ရသည့်အပေါ် အံ့သြ၍ မဆုံးနိုင်ခင်မှာပဲ ထိုဆေးနာမည်က ကျောက်စိမ်းဖြူဆေးခရင်မ်ဟု ခေါ်ဆိုတာကို ကြားလိုက်ရသည်။

သူက ရှောင်လီပြောပြခဲ့သည့် ဗီဒီယိုဖိုင်များကို အမြန်ရှာဖွေကာ ဗီဒီယိုတစ်ပုဒ်ချင်းစီတိုင်းကို ဂရုတစိုက် ကြည့်ရှုခဲ့သည်။

ဒါ မဖြစ်နိုင်ဘူး။

ကောယွမ်ကော်ပိုရေးရှင်းမှ ကျောက်စိမ်းဖြူဆေးခရင်မ်သည် ကျန်းယာ့ကော သူ့ကို ပေးခဲ့သော ဆေးနှင့် ထပ်တူညီသည်။ ပြီးတော့ တစ်ပုလင်းကို ၈၈၈ယွမ်သာ ကျသင့်သည်။ သတင်းစာရှင်းလင်းပွဲအတွင်း ကြော်ငြာချက်အရ လူတိုင်းသည် သူတို့ရဲ့ ကိုယ်ပိုင်မှတ်ပုံတင်ကတ်ဖြင့် တစ်လလျှင် တစ်ပုလင်း ဝယ်ယူရရှိနိုင်သည့်အပြင် ဆေးရုံမှ ပေးသော မသန်မစွမ်းဖြစ်ကြောင်း ထောက်ခံစာကို ပြသနိုင်လျှင် ၂၀ရာခိုင်နှုန်း လျှော့စျေးတောင် ရနိုင်ဦးမည် ဖြစ်သည်။

အဲ့ဒီအချိန်တုန်းက ကျန်းယာ့ကော သူ့ကို ပြောခဲ့တဲ့ စကားတွေကို သူ အမှတ်မရပဲ မနေနိုင်တော့ပေ။

"ဒီဆေးကိုရဖို့ မလွယ်ဘူးလို့ ကျွန်မသူငယ်ချင်းက ပြောတယ်။ သူက ဒီဆေးအတွက် ယွမ် ၂မီလီယံ ပေးချေခဲ့ရတယ်။ လူတော်တော်များများက သူတို့မှာ ပိုက်ဆံရှိရင်တောင် ဒီဆေးကို အလွယ်တကူ မဝယ်နိုင်ကြဘူး။"

"ရှင့်လို လူကောင်းတစ်ယောက်ကို ဒီလိုမျိုး မတရားခံနေရတာကို ကျွန်မ ဘေးနားကနေ ထိုင်မကြည့်နေနိုင်ဘူး။ ဒီဆေးက ဘယ်လောက်ပဲ စျေးကြီးနေပါစေ ရှင့်ကို တကယ်ကူညီနိုင်မယ်ဆိုရင် ဒါက ထိုက်တန်ပါတယ်။"

"ရှင် ကျွန်မကို ဒီအတွက် ပိုက်ဆံပေးစရာမလိုဘူးလို့ ကျွန်မ ရှင့်ကို ဘယ်နှခါ ပြောပြီးပြီလဲ။ ရှင် ဘာဖြစ်လို့ ကျွန်မကို ပိုက်ဆံအတင်းပေးနေရတာလဲ။ အိုး၊ ထားလိုက်ပါတော့။ ကျွန်မ ဒါကို လက်ခံလိုက်ပါ့မယ်။ ကျွန်မသူငယ်ချင်းဆီက နောက်ထပ် တစ်ပုလင်းလောက် ရနိုင်မလားလို့ ကျွန်မ မေးကြည့်လိုက်ဦးမယ်။ ဒီလိုသာဆိုရင် နောက်ထပ် အကူအညီ လိုအပ်နေတဲ့သူနဲ့ကြုံရင် နောက်တစ်ယောက်ကိုလည်း ထပ်ပြီး အကူအညီပေးနိုင်မှာပဲ။ အကူအညီကင်းမဲ့နေတဲ့သူ တစ်ယောက်ကိုပဲဖြစ်ဖြစ် လျှော့ချနိုင်မယ်ဆိုရင် ကျွန်မရဲ့ ဖြစ်တည်မှုက ပိုပြီး အဓိပ္ပါယ်ရှိလာလိမ့်မယ်။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now