ဒီနေ့ဟာ ကျန်းမျိုးနွယ်စုအတွက် ရှားရှားပါးပါး တစ်စုတစ်စည်းတည်း တွေ့ရသော နေ့လည်း ဖြစ်သည်။ ဒါက သူတို့အတွက် မျိုးနွယ်စုခွဲခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရန် အတော်လေး ကောင်းမွန်သော အခွင့်အလမ်းတစ်ခုလည်း ဖြစ်ခဲ့သည်။

နောက်ဆုံး၌ ဖန့်ကျွင်းရုံသည် သူမကို သက်သေလုပ်ပေးရန် တောင်းဆိုခဲ့သည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ သူမသည် ကျန်းမျိုးနွယ်စုရဲ့ နောက်ကွယ်မှ စည်းစိမ်ဥစ္စာများကိုလည်း မြင်တွေ့ခဲ့ရသည်။ ကျိုးမျိုးနွယ်စုသည် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သော မျိုးနွယ်စု တစ်စု ဖြစ်ထိုက်ပါပေသည်။ မျိုးနွယ်စု၏ အိမ်ခြံမြေတစ်ခုတည်းဖြင့်ပင် ယွမ်သန်းရာချီ တန်ကြေးရှိပြီး အခြားပိုင်ဆိုင်မှုများ မပါဝင်သေးပေ။ ကျန်းကျစ်ယန်သည် ကျန်းကျစ်ဆုရဲ့နေရာကို အစားထိုးပြီး အရမ်းလိုချင်နေသည်မှာ အံ့သြစရာ မဟုတ်ပါဘူး။

နှစ်ဖက်စလုံးမှာ သူတို့ကိုယ်ပိုင်ရှေ့နေ့တွေ ရှိခဲ့ပြီး နောက်ထပ် အငြင်းပွားမှုတစ်ခုကို ဖြစ်ပွားစေခဲ့သည်။

အခုအချိန်က ညဥ့်နက်နေပြီဖြစ်ကာ ဖန့်ကျွင်းရုံသည် သူတို့ရဲ့ ပိုင်ဆိုင်မှုများ ခွဲဝေသည့် ကိစ္စရပ်က အနည်းဆုံး တစ်ရက် သို့မဟုတ် နှစ်ရက်လောက် ကြာမြင့်မည်ဟု ထင်မြင်ယူခဲ့သည်။ သူမသည် အိမ်ကို အရင်ဆုံးပြန်သွားခဲ့ပြီး‌ သက်သေအဖြစ် လက်မှတ်ထိုးချိန်ရောက်မှ ပြန်လာဖို့ ဆုံးဖြတ်လိုက်သည်။

***

ဖန့်ကျွင်းရုံသည် ၉ရက်မြောက်နေ့မှာတော့ မျိုးနွယ်စုခွဲဝေသည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး သက်သေလုပ်ပေးရန် ကျန်းပင်မအိမ်တော်သို့ ရောက်လာခဲ့ပြန်သည်။

သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ကျန်းကျစ်ယန်နှင့်အတူ အိမ်တော်ခွဲ ခြောက်ခုက လိုက်ပါသွားခဲ့သည်။ သူတို့က ပိုင်ဆိုင်မှု စုစုပေါင်းရဲ့ ၄၂ရာခိုင်နှုန်းကို ယူဆောင်သွားခဲ့ပြီး ကျန်တာကတော့ ကျန်းကျစ်ဆုနဲ့ ကျန်အိမ်တော်ခွဲ လေးခုရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်ခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now