ကျန်းကျစ်ဆုက လေးနက်တည်ကြည်သော အသွင်အပြင်ကို ဆင်မြန်းပြီး ပြောလိုက်သည်။ "မင်း မျိုးနွယ်စုခေါင်းဆောင်နေရာကို အိမ်မက်မက်နေတာကို ရပ်လိုက်ပါ။ မင်း ငါ့ကို မကျေနပ်ဘူးဆိုရင် အပြင်ဖက်မှာ အိမ်ခွဲနေပြီး မျိုးနွယ်စုအသစ်တစ်ခု တည်ဆောက်နိုင်တယ်။ ဒီနည်းနဲ့ကို အသုံးပြုမယ်ဆိုရင် မင်းနဲ့ မင်းရဲ့ကံတရားကို ငါ တားဆီးမှာ မဟုတ်ဘူး။" ဒါက အိမ်တော်ခွဲအသေးလေးတွေကို ဖယ်ရှားပစ်ဖို့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့ကို ထိန်းချုပ်ထားနိုင်ပြီး မျိုးနွယ်စုရဲ့ ကိစ္စရပ်များထဲကို သူတို့ ဝင်ရောက်တာမျိုး မဖြစ်ပွားစေရန် တားမြစ်လိုက်နိုင်ပြီး သူတို့ကို အမြဲတစေ သတိနဲ့ စောင့်ကြည့်နေရန် မလိုအပ်တော့ပေ။

တစ်ခါတစ်ရံမှာတော့ ဒဏ်ရာကို ကုသရန် ပုတ်နေသော အသားများကို ဖြတ်တောက်ပစ်ဖို့ လိုအပ်လေသည်။

ကျန်းကျစ်ယန်က သူ့မျက်လုံးတွေကို ကျဥ်းမြောင်းလိုက်ပြီး ကျန်းကျစ်ဆုကို စူးစမ်း ကြည့်ရှုလိုက်သည်။ ဒီကျန်းမျိုးနွယ်စုတွင် အိမ်တော်ခွဲ ၁၂ခုရှိပြီး ပထမအိမ်တော်နဲ့ ဒုတိယအိမ်တော်တို့ကို ပင်မအိမ်တော်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကျန်တဲ့အိမ်တော်များကို အိမ်တော်ခွဲများလို့ သတ်မှတ်ခဲ့ကြသည်။ အခု သူ့ဖက်မှာ ရပ်တည်နေတဲ့ အိမ်တော်ခွဲက ခုနစ်ခုရှိသည်။ အကယ်၍ သူတို့သာ ခွဲထွက်သွားခဲ့မယ်ဆိုရင် ကျန်းကျစ်ဆုရဲ့ လွှမ်းမိုးနိုင်စွမ်းက အများကြီး လျှော့သွားပေလိမ့်မည်။ သူက ဒီလောက်အင်အားစုများကို တကယ်ပဲ စွန့်လွှတ်နိုင်တယ်လား။

မျိုးနွယ်စု ခွဲလိုက်မယ်ဆို ရရှိလာမည့် အကျိုးကျေးဇူးများကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။ အနာဂတ်တွင် ကျန်းကျစ်ဆုက သူတို့ရဲ့ အထက်မှာ မရှိတော့ရင် သူတို့ လုပ်ချင်တာကို လုပ်နိုင်ပြီး သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ် ကျန်းကျစ်ဆုက အခွင့်ကောင်းယူမှာကို စိတ်ပူနေစရာ မလိုအပ်‌တော့ဘူး။ ထို့အပြင် မျိုးနွယ်စု ခွဲလိုက်တယ်လို့ဆိုလျှင် အပြင်လူများ၏ နားတွင် ကြားရတာ ပိုကောင်းမွန်ပြီး ပင်မအိမ်တော်ကို တော်လှန်သည့် အစီအစဥ်ရဲ့ ဝန်ထုပ်ကို သူ ထမ်းပိုးစရာ မလိုအပ်တော့ပေ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now