သူက ဖန့်ကျွင်းရုံနဲ့ လက်တွဲနိုင်ဖို့ အစီအစဥ်များစွာ ရေးဆွဲလုပ်ဆောင်ခဲ့ပြီး ယခုအခါမှာတော့ အားလုံး ပျက်စီးသွားကုန်ပြီ ဖြစ်သည်။ ဒီအဖြစ်အပျက်က သူ့ကို သွေး ၃လီတာခန့် အန်သွားစေသည်။

ဖန့်ကျွင်းရုံသည် ဒီနေ့တွင် အကုန်လုံး ဖွင့်ထုတ်ပစ်မယ်လို့ ဆုံးဖြတ်ထားပုံရပြီး သူမက ကျန်းကျစ်ဆုဖက်သို့လှည့်ပြီး သူ့ကို မေးလိုက်သည်။ "ဝက်လို အုပ်စုလိုက်ကို စီမံခန့်ခွဲရတဲ့ ရှင့်ရဲ့ တာဝန်ကလည်း မလွယ်ပါလား။"

မူလတုန်းက ဖန့်ကျွင်းရုံသည် ပွဲကြည့်ဖို့ကိုသာ ပြင်ဆင်ထားခဲ့သည်။ ဒါပေမယ့် သူတို့က သူမကို သူတို့ရဲ့ ပြပွဲထဲ အတင်းဆွဲထည့်လိုက်သဖြင့် ဖြစ်လာမည့် အကျိုးဆက်တွေကို သူတို့ လက်ခံရပေလိမ့်မည်။ သူမကို အနိုင်ကျင့်လွယ်သူလို့ အထင်အမြင်မျိုးကို လုံးဝ မပေးနိုင်ပေ။

ကျန်းကျစ်ဆုရဲ့ အဖြေသည်လည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။ "အိုး... မင်းတောင် ဒါကို အကျွမ်းတဝင် ရှိသွားပြီပဲ။" သူက ကျန်းကျစ်ယန်ရဲ့ ပတ်ဝန်းကျင်မှ လူတစ်စုဟာ ဝက်တွေလိုပဲ ဆိုသည့်အချက်ကို ငြင်းမယ်ခြင်း အလျဥ်းမရှိပေ။

ကျန်းကျစ်ယန်ရဲ့ သံသယအကြည့်တွေက သူတို့နှစ်ဦးထံ အပြန်ပြန် အလှန်လှန် ကြည့်နေခဲ့သည်။ သူ အခု ပို၍ စိတ်ပူလာခဲ့သည်။ ဒီနှစ်ယောက်က သူ့ရဲ့ ဆက်ဆံရေးကို တစ်နည်းနည်းဖြင့် ပိုကောင်းမွန်အောင် လုပ်ခဲ့ကြတာလား။ ဒီအတိုင်းသာ ဆိုလျှင် သူ့ရဲ့ အားသာချက်တွေက ပျောက်ဆုံးသွားပေလိမ့်မည်။ ထိုအတွေးက သူ့ကို စိတ်ရှုပ်ထွေးစေပြီး ဦးလေးသဲ့နဲ့ အခြားအမျိုးသားကို "မင်းတို့ ငါ့အတွက် ပြောပေးနေတာ ရပ်လိုက်တော့" လို့ ဆိုလိုက်သည်။

ဦးလေးသဲ့သည် ကျန်းကျစ်ယန်က သူ့ဖက်မှ ရပ်တည်ပေးလိမ့်မယ်လို့ မျှော်လင့်ထားခဲ့သည်။ အခြားသူများရှေ့တွင် ဤကဲ့သို့ မျက်နှာဖြတ်ရိုက်ခံရခြင်းက သူ့မျက်နှာကို တင်းမာသွားစေခဲ့သည်။

ကျန်းကျစ်ဆုသည် ရယ်စရာကောင်းတာကိုပဲ တွေ့ရှိခဲ့ရသည်။ သူတို့ရဲ့ မဟာမိတ်ဖွဲ့မှုသည် သူ ထင်ထားသည်ထက် ပို၍အားနည်းနေခဲ့သည်။ မဟုတ်သေးဘူး၊ အဲ့တာကို စကားထဲတောင် ထည့်မပြောနိုင်လောက်အောင် ဆိုးရွားနေတာပဲ။ နောက်ဆုံးရလဒ်မှာ ကျန်းကျစ်ယန်သည် ဖန့်ကျွင်းရုံကို အမှန်တကယ် မဆန့်ကျင်ရဲသောကြောင့်ပင် ဖြစ်သည်။ သူ့ရဲ့ မသိစိတ်ထဲမှာ တဖြည်းဖြည်းနဲ့ ဖန့်ကျွင်းရုံဟာ မည်သူမျှ လျှော့မတွက်ဝံ့သော လူတစ်ယောက် ဖြစ်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now