ကျန်းကျစ်ယန်က ဖန့်ကျွင်းရုံကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူက မေးမြန်းလိုက်သည်။ "မင်း ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ။"

ဖန့်ကျွင်းရုံက အရေးမပါသလို ပြန်ဖြေလိုက်သည်။ "ဦးလေးကျန်းက ကျွန်မကို သက်သေအဖြစ် လာရောက်ပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲ့တာကြောင့် ကျွန်မ ဒီနေရာကို ရောက်လာရတာပဲ..."

ကျန်းကျစ်ယန်သည် ကျန်းကျစ်ဆုရဲ့ အလွန်အေးဆေးတည်ငြိမ်နေသော ပုံပန်းသဏ္ဍာန်ကို ကြည့်လိုက်သည်။ ဘာဖြစ်လို့ ကျန်းကျစ်ဆု အရမ်း ယုံကြည်မှု ပြည့်ဝနေမှန်းကို သူ မသိသော်လည်း သူ ပြောလိုက်သည်။ "ဝမ်းကွဲက မိသားစုခေါင်းဆောင်နေရာနဲ့ မထိုက်တန်ဘူးလို့ ငါတို့ ခံစားမိကြတယ်။ ဒါ့ကြောင့် ငါတို့ သူ့ကို မိသားစုခေါင်းဆောင်နေရာကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုချင်တယ်။" ဖန့်ကျွင်းရုံရဲ့ ရောက်ရှိလာမှုကြောင့် သူ အံ့အားသင့်သွားပေမယ့် သူ့အစီအစဥ်တွေကိုတော့ မပြောင်းလဲခဲ့ဘူး။

ကျန်းကျစ်ဆုသည် အခန်းပတ်လည်ကို ကြည့်လိုက်ပြီး သူ့အသံဟာ လုံးဝမပြောင်းလဲသည့်အတွက် သူ့ရဲ့ အခုစိတ်အခြေအနေကို ဘယ်သူမှ မမှန်းဆနိုင်ပေ။ "အားလုံးက သူပြောတာကို သဘောတူကြလား။"

ကျန်းကျစ်ယန်ရဲ့ဘေးမှ အမျိုးသားတစ်ဦးက ရှေ့တက်လာပြီး ပြောသည်။ "အရည်အချင်းရှိသူတွေက ရှေ့ကို တက်လှမ်းရမယ်၊ သာမာန်လူတွေက ဘေးဖယ်ပေးရမယ်၊ သုံးစားမရတဲ့သူတွေကတော့ အောက်ဆင်းရမှာပဲ။ ဒါက ထာဝရ အမှန်တရားပဲ။ ကျစ်ဆု... မင်းက အရမ်းတော်ပေမယ့် ကျစ်ယန်က မင်းထက် ပိုအရည်အချင်းရှိတယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျန်းအိမ်တော်က ပိုမိုအောင်မြင်လာလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်။ မင်း စိတ်မပူပါနဲ့။ ငါတို့ ကျစ်ယန်ကို ကလေးဘဝကတည်းက ရင်းနှီးကျွမ်းဝင်ကြတယ်။ သူ့မှာ ရက်ရောတတ်တဲ့ အကျင့်ရှိတယ်။ မင်း မိသားစုခေါင်းဆောင်နေရာကနေ ဖယ်ပေးလိုက်ရရင်တောင် မင်းက သူ့ဝမ်းကွဲဖြစ်နေဆဲပါပဲ။ သူ မင်းကို လေးလေးစားစားနဲ့ ဆက်ဆံနေဦးမှာပါပဲ။"

ကျန်းကျစ်ယန်သည် ဒီလောက် အချိန်တိုလေးအတွင်းမှာ သူ့ဖက်သို့ လူအများအပြားကို ဆွဲခေါ်လာနိုင်သည့် စွမ်းရည်ကို လျှော့တွက်၍ မရပေ။ ထို့အပြင် ကျန်းကျစ်ဆုသည် နူးညံ့သိမ်မွေ့သည့်ပုံပေါ်သော်လည်း တကယ်တမ်းတွင် သူက အလွန် လွှမ်းမိုးချုပ်ကိုင်ထားသည်။ သူ့ရဲ့ ပြောဆိုလုပ်ကိုင်သမျှဟာ ပင်မကျန်းအိမ်‌တော်အတွက်ပဲဖြစ်ပြီး သူတို့ရဲ့ အိမ်တော်ခွဲတွေအတွက် အကျိုးအမြတ်ရှာရန် ခွင့်မပြုခဲ့ပေ။ ဒီတော့ သူတို့ဟာ ကျန်းကျစ်ယန်ဖက်မှာ ရပ်တည်တာက သဘာဝပင်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now