အတိတ်တုန်းက သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ကမ္ဘာမြေကြီး ပျက်သုဥ်းသွားရင်တောင် သူတို့က မပျက်စီးသွားမယ့် အချစ်မျိုးနဲ့ ချစ်ခဲ့ကြတာ မဟုတ်ဘူးလား။ ဒီချစ်ခြင်းမေတ္တာကြောင့် လီရှစ်ကျီသည် သူ့အဖေရင်းကို အမြန် အသက်တိုစေခဲ့သည်။ ပြီးတော့ သူတို့က လအနည်းငယ် အကြာမှာပင် လမ်းခွဲလိုက်ကြပြီလား။

ကျန်းပိသည် တိုက်ခန်းတံခါးဝကနေ အထဲသို့ လှမ်းကြည့်လိုက်တာနဲ့ အမျိုးသားစီး ဖိနပ်အရံတစ်ချို့ကို မြင်တွေ့လိုက်ရပြီး ဝရံတာတွင် လှမ်းထားသည့် ဝတ်စုံအနည်းငယ်ကိုပင် တွေ့လိုက်ရသည်။

ကျန်းယာ့ကောက အရမ်း ထက်မြက်တာပဲ။ သူမက လမ်းခွဲပြီးပြီးချင်းမှာပင် သူမဘေးမှာ နောက်တစ်ယောက် ရှိနေခဲ့ပြီ။ ဖိနပ်တွေရဲ့ တံဆိပ်ကို မြင်လိုက်တာနဲ့ သူမရဲ့ ချစ်သူကောင်လေးအသစ်သည် သာမာန်တော့ မဟုတ်ပါဘူး။ ကျန်းပိသည် ကျန်းယာ့ကောနှင့် ခင်မင်ရင်းနှီးစဥ်က သူမသည် အလွန်လွယ်ကူကြောင်း သိသော်လည်း ဒီမြင်ကွင်းကို မျက်မြင် တွေ့လိုက်ရသောအခါတွင် စက်ဆုပ်ရွံ့ရှာမိသည်။ သူမသည် ဖြူစင်ပြီး အပြစ်ကင်းစင်သောပုံပေါက်ပြီး အမျိုးသားများကို ဆွဲဆောင်နိုင်သည့် သူမရဲ့စွမ်းရည်မှာ အလွန်ပြောင်မြောက်သည်။

"လီရှစ်ကျီက မသက်သာသေးဘူးလား။" ကျန်းပိ မေးသည်။

ကျန်းယာ့ကောသည် သူမအကြောင်း မေးမြန်းမလားလို့ ခဏစောင့်နေခဲ့ပေမယ့် ကျန်းပိက သူမအကြောင်းကို မေးမြန်းရမယ့်အစား သူမရဲ့ ရည်စားဟောင်းအကြောင်းကို တစ်ချိန်လုံး မေးနေခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိနေခဲ့ပြီး သူမနှုတ်ခမ်းတွေကို အသာဖွင့်ကာ "မသိဘူး" လို့ ပြောလိုက်သည်။

အခုတော့ ကျန်းပိသည် ပိုသေချာလာခဲ့သည်၊ လီရှစ်ကျီက ကျန်းယာ့ကောနဲ့ နောက်တစ်ကြိမ် ပြန်မရှိတော့မှာ သေချာသည်။ လီရှစ်ကျီလို ယောကျာ်းမျိုး မပြောနဲ့၊ ဘယ်ယောကျ်ားမှ ဒီလို စော်ကားမှုမျိုးကို သည်းခံနိုင်မှာ မဟုတ်တဘူး။ ယောကျာ်းသားတစ်ယောက်ဟာ သူတို့ရဲ့ ချစ်သူကောင်မလေးက လိမ်လည်လှည့်ဖြားပြီး ဖောက်ပြန်တာကို လက်မခံနိုင်ကြဘူး။ ထို့ကြောင့် ကျန်းယာ့ကောအပေါ် တန်ဖိုးထားသည့် သူ့စိတ်တွေအားလုံးကို ဆုံးရှုံးသွားခဲ့သည်။ သူမသည် ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှု ရှိသော်လည်း မိန်းမလှများစွာကို သူ မြင်တွေ့ဖူးသည်။ ကျန်းယာ့ကောရဲ့ တစ်ခုတည်းသော တန်ဖိုးက လီရှစ်ကျီရဲ့ ရည်းစားဆိုသည့် အဆင့်အတန်းတစ်ခုပင် ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now