ဖန့်ကျွင်းရုံလည်း ဟက်ဟက်ပက်ပက်ရယ်ရင်း ထိုသို့ဆိုလိုက်သည်။ အဲ့တာက အဓိပ္ပာယ်ရှိတယ်။ Duchess Capetအသုံးပြုသော အခြားထုတ်ကုန်အမှတ်တံဆိပ်များသည် ယွမ် တစ်သောင်းကျော်အထက် ကုန်ကျသည်။ ဒါက ဆံပင်ကြီးထွားဆေးခရင်မ်က အရမ်းစျေးကြီးတဲ့ထုတ်ကုန်တစ်ခု ဖြစ်မယ်လို့ လူတွေကို မသိစိတ်ကနေ ထင်မြင်လာစေသည်။

၂၅ရက်နေ့ညတွင် နောက်ထပ် ဗူးရေ တစ်သောင်းကို စျေးကွက်တင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ပစ္စည်းကုန်တဲ့အချိန် အနည်းငယ် ကြာမြင့်ခဲ့သည်။ ပထမအကြိမ် ရောင်းချတုန်းက တစ်မိနစ်အတွင်းမှာပင် အကုန်ကုန်သွားခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သုံးမိနစ်ကြာမြင့်ခဲ့သည်။ ဒါပေမယ့် ဒီအရှိန်ကပင် လူတိုင်းကို ထိတ်လန့်သွားစေလောက်အောင် ဖြစ်သွားခဲ့သည်။

ပထမဦးဆုံးအကြိမ် စျေးကွက်ထဲသို့ ဖြန့်ချိသည့် ထုတ်ကုန်အသစ်တစ်ခုကို အချိန်တိုအတွင်းမှာပင် ကုန်သွားတာက မိန်ဖုန့်ကော်ပိုရေးရှင်းရဲ့ ပုံရိပ်ဟာ သူတို့ပရိသတ်တွေရဲ့ စိတ်နှလုံးထဲက အနေအထားကို သက်သေပြနိုင်ပါသည်။ သူတို့က ဖန့်ကျွင်းရုံကို အလွန်ယုံကြည်သောကြောင့် စျေးကွက်တုံ့ပြန်ချက်များကို မစောင့်ဆိုင်းတဲ့အပြင် ဆံပင်ကြီးထွားဆေးခရင်မ်ကို ဝယ်ယူရန် ယွမ် တစ်ထောင်‌ကျော်ကို မျက်တောင်မင်မခတ် သုံးစွဲခဲ့ကြသည်။

ဟုန်ယန်နှင့် ပေါင်းခုန်တို့ရဲ့ အကြီးအကဲတွေဟာ အလွန်အထိနာခဲ့ကြသည်။ မိန်ဖုန့်ကော်ပိုရေးရှင်းသည် ဖန့်ကျွင်းရုံရဲ့ ဦးဆောင်မှုအောက်တွင် စျေးကွက်ကိုသိမ်းပိုက်နေစဥ် အခြားသူတို့သည် ထိုင်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သူမကို တားဆီးရန် သူတို့ရဲ့ အားထုတ်မှုများသည် သူမအတွက် အကျိုးကျေးဇူးများသာ ပိုမိုရရှိစေခဲ့သည်။

ဤရက်အနည်းငယ်အတွင်း Duchess Capetသည် ဖန့်ကျွင်းရုံရဲ့ ထုတ်ကုန်များအကြောင်း ချီးမွမ်းခန်းဖွင့်ခြင်းအား ရပ်တန့်ခြင်း မရှိပေ။ သူမသည် ဆံပင်ကြီးထွားဆေးခရင်မ်ကို အသုံးပြုခဲ့ရုံသာမက အလှအပဆေးလုံးများကိုပါ သုံးစွဲခဲ့ပြီး ထိုထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ချီးကျူးစကား အလုံးရေ တစ်ထောင်ထက် မနည်းသည့် ပို့စ်တွေကို နေ့တိုင်း တင်ခဲ့သည်။ အကယ်၍ သူမသာ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ခဲ့ဘူးဆိုရင် ပြည်ပက သူမရဲ့ ပရိသတ်တွေတောင်မှ သူမရဲ့အကောင့်က အဟက်ခံရတာလို့ ထင်မြင်ကြလိမ့်မည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now