သူ တကယ်လုပ်ဖို့ လိုအပ်တာက ကျန်းအိမ်တော်ရဲ့ နောက်ဆက်ခံရမည့် အိမ်တော်သခင်အဖြစ် တတ်နိုင်သမျှ အမြန်ဆုံး တာဝန်ယူဖို့ပင်။

***

ဖန့်ကျွင်းရုံသည် ဖုန်းချပြီးနောက် ကျန်းကျစ်ယန်အား ဂရုစိုက်ဖို့ ပျင်းရိနေခဲ့သည်။ သူမရဲ့ ထင်မြင်ချက်အရ ကျန်းကျစ်ယန်က ဘဝင်မြင့်လာခဲ့ပြီး သူ့ကိုယ်သူ ဘယ်သူလဲ ဆိုတာကို မေ့လျော့သွားတာ ဖြစ်နိုင်သည်။

ထို့နောက် ကျန်းကျစ်ယန်သည် သူမအား မိတ်ဆုံစားပွဲ ဖိတ်စာကတ်တွေ ဆက်တိုက် ပေးပို့ခဲ့ပေမယ့် ဖန့်ကျွင်းရုံသည် ထိုကတ်များအား အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့သည်။

သူမသည် ဆံပင်ကြီးထွားဆေးခရင်မ်ကို ဖြန့်ချိဖို့ ပြင်ဆင်နေသည့် ကိစ္စများနှင့် အရမ်းအလုပ်ရှုပ်နေပြီး သူနဲ့ ပတ်သက်ဆက်ဆံရန် အချိန်မရှိပေ။

၂၄ရက်နေ့ ည ၈နာရီတွင် ဆံပင်ကြီးထွားဆေးခရင်မ် ဗူးရေ တစ်သောင်းကို စျေးကွက်ထဲသို့ ဖြန့်ချိခဲ့သည်။ ဆံပင်ကြီးထွားဆေးခရင်မ်တစ်ဗူးကို တစ်လလောက် အသုံးပြုဖို့ လုံလောက်ပြီး သူ့ရဲ့စျေးနှုန်းသည် အလှအပဆေးလုံးထက် များစွာမြင့်မားသည်။ ဆံပင်ကြီးထွားဆေးခရင်မ်တစ်ဗူးရဲ့ စျေးနှုန်းမှာ ၁၂၈၈ယွမ်ဖြစ်သည်။ ဒါတောင်မှ၊ သူ့ကို မဝယ်ချင်တဲ့သူ မရှိတဲ့အပြင် မရတဲ့လူတွေ များစွာရှိခဲ့သည်။ ထို့အပြင် စျေးကွက်ထဲမှာ ဆံပင်ကြီးထွားသန်မာစေသော ခေါင်းလျှော်ရည်တစ်ပုလင်းကို ယွမ် ၁၀၀လောက်သာ ကုန်ကျသော်လည်း သူမရဲ့ ဆံပင်ကြီးထွားဆေးခရမ်ကိုမူ မည်သူမှ စျေးအရမ်းကြီးတယ်လို့ မပြောကြပေ။

ရှုဝေဝေက ဒါကို ဖန့်ကျွင်းရုံနဲ့ ဆွေးနွေးတိုင်ပင်သောအခါ ဖန့်ကျွင်းရုံက တခစ်ခစ် ရယ်မောလိုက်သည်။

"ဒါက အရမ်းသင့်တင့်တဲ့ စျေးနှုန်းပါပဲ။ Duchess Capetတောင်မှ ငါတို့ရဲ့ ဆံပင်ကြီးထွားဆေးခရင်မ်ကို အရမ်းကြိုက်နှစ်သက်တဲ့အတွက် သူမက ငါတို့ကို အခမဲ့ ကြော်ငြာပေးသေးတယ်။ အခု ငါတို့ရောင်းချတဲ့ ယွမ် ၁၂၈၈ စျေးနှုန်းကတောင် တော်တော်လေး သက်သာတယ်လို့ ထင်နေကြဦးမှာ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now