ဖန့်ကျွင်းရုံသည် 'ဂရုစိုက်ပေးပြီး စိုးရိမ်ပူပန်ပေးတယ်' ဆိုသည့် စကားလုံးများကို အသားပေး ပြောကြားခဲ့ပြီး ကျန်းကျစ်ယန်ရဲ့ တုံ့ပြန်မှုကို မစောင့်တော့ပဲ ဖုန်းချလိုက်သည်။

နောက်ရက်ပေါင်း ၂၀ခန့်အကြာတွင် ကျောက်စိမ်းဖြူဆေးခရင်မ်ကို စျေးကွက်ထဲသို့ ထုတ်လုပ်ဖြန့်ချိပေလိမ့်မည်။ ကျန်းကျစ်ယန်သည် အဆုံး၌ ဆောင်းဦးပေါက်နှံကောင်တစ်ကောင်ကဲ့သို့သာ ဖြစ်နိုင်ပြီး - နောက်ထပ်ရက်အများကြီး မကျန်ရှိတော့ပေ။

"တူ၊ တူ၊ တူ....."

ကျန်းကျစ်ယန်သည် တစ်ဖက်မှ ဖုန်းချသွားသောအသံကို နားထောင်ရင်း မျက်နှာပျက်ယွင်းသွားခဲ့သည်။ ဖန့်ကျွင်းရုံက ဒေါသအရမ်းထွက်ပြီး သူ့ကို မျက်နှာသာမပေးပဲ ဖုန်းကို တိုက်ရိုက်ချသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ ကျန်းကျစ်ယန်သည် ထိုဆေးဝါးများ၏ အကူအညီဖြင့် မကြာသေးခင်က သူသွားလေရာ နေရာတိုင်းမှာ မျက်နှာသာပေးခြင်း ခံခဲ့ရသည်။ လူအများက သူသည် ကျန်းအိမ်တော်ရဲ့ နောက်တက်လာမည့် အိမ်တော်သခင်ဖြစ်မည်ဟုဆိုကာ ကြိုတင်ဂုဏ်ပြုခဲ့ကြသည်။ ချီးကျူးစကားများစွာက သူ့ကို စိတ်ကြီးဝင်စေခဲ့သည်။ ဒီနေ့ ဖန့်ကျွင်းရုံရဲ့ အပြုအမူက သူ့အပေါ်ကို ရေအေးဖြင့် လောင်းချလိုက်သလိုမျိုး နှိုးထသွားစေကာ သူ့ရဲ့ အရင်က ကြည်လင်ပြတ်သားမှုကို ပြန်လည်ရရှိစေခဲ့သည်။

အခြားသူတွေက သူ့ကို မျက်နှာသာပေးရန် လိုအပ်သော်လည်း ဖန့်ကျွင်းရုံကမူ သူ့ကို မျက်နှာသာပေးရန် မလိုအပ်ပေ။ ဖန့်ကျွင်းရုံသည် ဒီနယ်ပယ်မှာ အဆက်အသွယ်မရှိလို့သာ မဟုတ်ရင် သူမဟာ အခုအချိန်မှာ ရေပန်းအစားဆုံး ဖြစ်နေမှာပင်။

ကျန်းကျစ်ယန်သည် သူ့ရဲ့အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ခဲလိုက်ပြီး ကျန်းပိကို ထပ်ခါတလဲလဲ ကျိန်ဆဲလိုက်သည်။ သူက ကျန်းပိကို အချိန် လနဲ့ချီပြီး ပေးထားခဲ့သော်လည်း ယခုအချိန်အထိ ကျောက်စိမ်းဖြူဆေးခရင်မ်ထဲက ပါဝင်ပစ္စည်းတွေရဲ့ သဲလွန်စကို မရရှိသေးဘူး။ ဘယ်လိုလုပ်ပြီး သူ့ကို အနှစ်တစ်ရာအတွင်းမှ တစ်ခါပေါ်ပေါက်သည့် ပါရမီရှင်တစ်ဦးလို့ ကြွားလုံးနေရတာလဲ။ သူက အတုအယောင်သာဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now