အင်တာနက်ပေါ်တွင် ကျော်ကြားသူများရဲ့ ပို့စ်အတွဲလိုက် တက်လာပြီးနောက် ထိုရှာဖွေမှုစာရင်းအတွက် ဝန်ဆောင်မှု ဝယ်ယူခဲ့ပြီး မကြာမီအချိန်အတွင်းမှာပင် "ဖန့်ကျွင်းရုံ တလွဲတချော်ဖြစ်သွားတယ်" ဟူသော ခေါင်းစဥ်သည် ရှာဖွေမှုအများဆုံး ဖြစ်လာခဲ့သည်။

မှတ်ချက်များ ရေးသားကြသည့် အုပ်စုနှစ်စု ကွဲသွားခဲ့သည်။ "အရှက်မရှိသော စျေးကွက်ရှာဖွေရေး" နှင့် "စျေးကွက်ရှာဖွေရေး မလုပ်လည်း ငါတို့ရဲ့ ထုတ်ကုန် အရည်အသွေးက အကောင်းမွန်ဆုံးပဲ" ဟူ၍ နှစ်ပိုင်း ကွဲသွားခဲ့သည်။ လူတိုင်းသည် သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်များကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကြသည်။ မည်သို့ပင်ဆိုစေကာမူ ဖန့်ကျွင်းရုံရဲ့ ဒီတစ်ကြိမ် ရေတပ်ကို ငှားရမ်းသုံးစွဲမှုသည် မငြင်းဆိုနိုင်သော အမှန်တရားဖြစ်ပြီး ဖန့်ကျွင်းရုံအပေါ် သူတို့ရဲ့အမြင်တွေ ပြောင်းလဲလာခဲ့သည်။ အချို့သောသူများသည် ဆံပင်ကြီးထွားဆေးခရင်မ်ရဲ့ အကျိုးရလဒ်ကို တစ်ချက် စောင့်ကြည့်ပြီးမှ ပြောဆိုသင့်ကြောင်း ဆိုကြသည်။

ဖန့်ကျွင်းရုံသည် အင်တာနက်ပေါ်တွင် ဖြစ်ပျက်နေသည့် အကြောင်းကိစ္စများကို အမြဲဂရုစိုက်လေ့ မရှိသော်လည်း စျေးကွက်ရှာဖွေရေးဌာနမှ အင်တာနက်ပေါ်ရှိ ဒီပြဿနာအကြောင်းကို သူမအား တင်ပြထားပြီးဖြစ်သည်။

သူမသည် အနည်းငယ် အံ့အားသင့်သွားပြီးတော့ ပြုံးကာရယ်ကာဖြင့် "သူတို့ကို လျစ်လျူရှုထားလိုက်ပါ။" လို့ ပြောလိုက်သည်။

"ဒါပေမယ့် မားကတ်တင်းအကောင့် တော်တော်များများက ငါတို့ထုတ်ကုန်တွေရဲ့ အကြံပြုချက်တွေကို ဆိုးဆိုးရွားရွား ရေးသားနေတာကို ငါ တွေ့နေရတယ်၊ ဒါကိုမြင်တဲ့ ဖြတ်သွားဖြစ်လာ တော်တော်များများက ငါတို့ထုတ်ကုန်တွေအပေါ် အထင်လွဲသွားလိမ့်မယ်။"

ဖန့်ကျွင်းရုံသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "ငါတို့ရဲ့ စျေးကွက်ရှာဖွေရေး အသုံးစရိတ်ကို ချွေတာဖို့ ဆုံးဖြတ်ထားပေမယ့် အဲ့ဒီလူတွေက အရမ်းကြင်နာတတ်ပြီး ငါတို့ကို အခမဲ့ကြော်ငြာပေးဖို့ လုပ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူတို့က တကယ့်လူကောင်းတွေပဲ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now