မည်သည့်ယောက်ျားမဆို လှည့်ဖြားခြင်းကို မကြိုက်နှစ်သက်ပါ။ ထိုအထဲတွင် လီရှစ်ကျီလည်း ပါဝင်ပေသည်။ သူတို့နှစ်ယောက်စလုံးက သူ မမြင်နိုင်တဲ့ နောက်ကွယ်က ဖြစ်ရပ်များကို မပြောပြပဲ သူတို့ရဲ့ ခံစားချက်တွေကို သူ့ရှေ့မှာ သတ္တိရှိရှိ ပြောထွက်ရဲကြသည်။ အရင်တုန်းက အပြင်ထွက်ရတာ မကြိုက်သော ယာ့ကောသည် အခုနောက်ပိုင်းတွင် စျေးဝယ်ထွက်ရန် အမှိုက်ပစ်ရန် ဆင်ခြေအမျိုးမျိုးဖြင့် နေ့စဥ်အပြင်ထွက်နေခဲ့သည်မှာ အံ့သြစရာ မဟုတ်ပါ။ သူမသည် ဖန့်ကြွယ်မင်နှင့် တွေ့ရန် ဒီလိုမျိုးတွေ လုပ်ခဲ့တာ ဖြစ်နိုင်သည်။

အခု သူ့အဖေဆုံးသွားပြီး သူ့အမေက သူတို့နှစ်ဦးကြား မည်သည့် ပတ်သက်ဆက်နွယ်မှုမျိုးမှ မရှိကြောင်း ကြော်ငြာခဲ့သောကြောင့် သူက အသုံးမဝင်ဘူး ဖြစ်သွားခဲ့တော့ ယာ့ကောက နောက်လူကို စတင်ရှာဖွေနေခဲ့သည်မှာ မထူးဆန်းပါဘူး။

လီရှစ်ကျီသည် ယင်ကောင်တစ်ကောင်ကို မျိုချမိသကဲ့သို့ ရွံ့ရှာသွားမိသည်။ သူက တခစ်ခစ်ရယ်ပြီး ပြောသည်။ "မင်းတို့နှစ်ယောက်ကြားမှာ ဘာပတ်သတ်ဆက်နွယ်မှုမှ မရှိရင် မင်း ငါတို့နှစ်ယောက်ကြား ဖြစ်လာမယ့် ပဋိပက္ခတွေကို ဘာဖြစ်လို့ စိတ်ပူနေရတာလဲ။ မင်းသာ အပြစ်ကင်းတယ်ဆိုရင် ငါက မင်းကို ဘာဖြစ်လို့ အထင်လွဲရမှာလဲ။ ငါ့လက်က ဒဏ်ရာက မကောင်းသေးပေမယ့် ငါ့ဆေးတွေကို မင်း သူ့အတွက် ပေးခဲ့တယ်။ မင်းက ငါ့ကောင်မလေးလား ဒါမှမဟုတ် သူ့ကောင်မလေးလား။"

"အခုတော့ ဘာလဲ။ မင်းအတွက် ကျန်းပိတစ်ယောက်တည်းကတင် မလုံလောက်သေးတဲ့အပြင် မင်းရဲ့ ဆွဲ‌ဆောင်မှုကို သက်သေပြဖို့ ရုပ်ရှင်ဧကရာဇ်တစ်ယောက်ကိုပါ လိုအပ်နေတာလား။" သူက အရမ်းဒေါသထွက်ပြီး နားဝင်ဆိုးတဲ့စကားတွေ မှန်သမျှကို ထုတ်ပြောခဲ့သည်။ သူသည် အမြဲလိုလို သူ့ကိုယ်သူ အထင်ကြီးသော လူတစ်ယောက်ဖြစ်ပြီး ဒီလိုမျိုး သစ္စာဖောက်မှုမျိုးကို ကြုံတွေ့ခဲ့ရသဖြင့် သူ့ရဲ့ ဆင်ခြင်တုံတရားအားလုံးကို ဆုံးရှုံးသွားစေခဲ့သည်။

*********************************

Zawgyi

အခန်း (၂၁၇) – "ရုပ်ရှင်ဧကရာဇ်ဖန့်ကြွယ်မင်က မင်းအဒေါ်အဖြစ် ဘယ်တုန်းစပြီး ဖြစ်သွားခဲ့ရတာလဲ" (၃)

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now