လီရှင်းယွင်က တစ်စုံတစ်ခုကို သတိရပြီး မေးမြန်းလိုက်သည်။ "မေမေ ကုန်းအိမ်တော်က အမေ့ကို တရားမစွဲဖို့ လာပြောသေးလား။"

ကုန်းယိလင်းရဲ့ အတန်းဖော်များက သူမကို အရေးတကြီး ရှာဖွေပြောဆိုနေတာကို ကြည့်လျှင် သူက နာမည်ဆိုးကို အလွန်ဂရုစိုက်ပြီး သူ့ကို ပြစ်မှုမှတ်တမ်းတွင် စာရင်းသွင်းခံရမှာကို အလွန်စိုးရိမ်နေတာ ဖြစ်လိမ့်မည်။

ဖန့်ကျွင်းရုံက အနည်းငယ် ပြန်စဥ်းစားကြည့်ကာ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ "အိုး... သမီးက ကုန်းအိမ်တော်အကြောင်းကို မေးတာလား။ မေမေ့နဲ့ မသိဘူးလေ။ သူတို့ရဲ့အဆင့်က အမေ့ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်ကို ရဖို့အထိ မတတ်နိုင်ကြဘူးလေ။"

သူမသမီးဖြစ်သူရဲ့ မတော်တဆမှုကြောင့် ကုန်းအိမ်တော်ကို ဂရုစိုက်စုံစမ်းကြည့်ရာတွင် သူတို့မိသားစုကလည်း အလှကုန်လုပ်ငန်းမှာ အဓိကအားဖြင့် အသားအရေထိန်းသိမ်းသည့် မျက်နှာဖုံးများကို ထုတ်လုပ်ကြောင်း သိရှိလိုက်ရသည်။ သူတို့ရဲ့ အသားတင်အမြတ်က နှစ်ဘီလီယံခန့်ရှိသည်။ ဒီလောက် ပိုင်ဆိုင်မှုလေးနဲ့ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ ယုံကြည်မှု အရမ်းရှိစေတာလဲဟု ဖန့်ကျွင်းရုံအား အတွေးများမိစေသည်။ ဒီကိစ္စက သူတို့အတွက် ပထမဆုံး ပြဿနာဖြစ်ပြီး အံ့သြဖွယ်ရာ ဖြစ်သည်။

လီရှင်းယွင် "..."

ဒါက အမှန်တရား မဟုတ်ဘူးလား။ သူတို့က သူမရဲ့ မိခင်ဖြစ်သူကို တိုက်ရိုက်မဆက်သွယ်ဝံ့တဲ့အတွက် ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ အခြားတစ်ဖက်တွင် သူမကတော့ ၁၇နှစ်အရွယ် မိန်းကလေးသာ ဖြစ်သည့်အတွက် သူတို့ပြောသမျှ ရနိုင်မည့် တစ်စုံတစ်ယောက်လို့ ယူဆတာ ဖြစ်နိုင်သည်။

ထိုအကြောင်းအား စဥ်းစားရင်း လီရှင်းယွင် မကျေမနပ်ဖြစ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ လီရှင်းယွင်သည် သူတို့ သူမကို လျှော့တွက်နေသည်ဟု ခံစားခဲ့ရသည်။

ဖန့်ကျွင်းရုံမှာ အဆက်အသွယ် အများကြီးရှိပြီး ကုန်းယိလင်းရဲ့ ပြဿနာအတွက် အရေးအရာလုပ်ရန် အချိန်အများကြီး မလိုအပ်ပေ။ သူမက ဒီကိစ္စများကို သူမရဲ့ ‌ရှေ့နေအဖွဲ့အား လွှဲပြောင်းပေးအပ်ရန် လိုအပ်သည်။ သူတို့အား လစာအများကြီး ပေးထားခဲ့တာဖြစ်ပြီး အခုက သူတို့တာဝန်အား လုပ်ရမည့်အချိန် ဖြစ်သည်။ သူမသည် သူတို့အား ကုန်းယိလင်းရဲ့ နောက်ကြောင်းကို စုံစမ်းစစ်ဆေးကာ သူ့ကို တရားစွဲချင်သည့် နစ်နာသူများ ရှိမရှိ ရှာဖွေခိုင်းခဲ့သည်။ ထိုနစ်နာသူများက တရားစွဲဆိုချင်လျှင် သူတို့အတွက် ရှေ့နေအခကြေးငွေကို ကြင်နာစွာဖြင့် ပေးဆောင်ပေးဖို့ ဆန္ဒရှိသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now