ကျုံးရီရဲ့ အဖွားဖြစ်သူဟာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူမတို့အိမ်သို့ ရောက်လာခဲ့သည်။ သူမက အခုတော့ ကျန်းမာရေး တော်‌တော် ကောင်းမွန်နေခဲ့ပြီ။ သူမက အချက်အပြုတ်ကို လေ့ကျင့်ခန်းလုပ်တယ်လို့ သဘောထားကာ ပြုလုပ်ခဲ့ပြီး လူတိုင်းအတွက် အဆာပြေ ညလယ်စာကို ပြင်ဆင်ချက်ပြုတ်ပေးသည်။

လီရှင်းယွင်သည် အခုမှ ဆီအိုးထဲက ချထားတဲ့ ပူပူနွေးနွေး ကမာကြော်တစ်ကောင်ကို ကောက်ယူပြီး သူမပါးစပ်ထဲသို့ ထည့်လိုက်သည်။ ကမာရဲ့ လတ်ဆတ်သော အရသာဟာ သူမရဲ့ လျှာအရသာခံ အာရုံဖုလေးများပေါ်တွင် ပေါက်ကွဲသွားသည်။ ကမာကြော်ရဲ့ အပြင်ဖက်က ကြွပ်ရွနေပြီး အတွင်းဖက်က ပျော့ပျောင်းပြီး နွေးထွေးနူးညံ့သည်။ ငရုတ်ဆီအချို အနည်းငယ်ဖြင့် တွဲဖက်စားသုံးသောအခါတွင် အရမ်းအရသာရှိသည်။

အရသာရှိလိုက်တာ။ သူမလက်က တစ်ခုပြီးတစ်ခု ကောက်ယူစားသုံးနေမိတာကို မရပ်တန့်နိုင်တော့ဘူး။

"အဖွားရဲ့လက်ရာက အရမ်းအံ့အားသင့်ဖွယ်ပဲ။" လီရှင်းယွင်သည် ကျုံးရီရဲ့အဖွားဖြစ်သူကို ကျုံးရီခေါ်သလိုပင် အဖွားဟု လိုက်ခေါ်သည်။

ကျုံးရီက အရမ်းပြုံးရယ်နေသဖြင့် သူမရဲ့ မျက်လုံးများကိုပင် ပျောက်ကွယ်လုမတတ် ဖြစ်နေခဲ့သည်။ "အဖွားက ဒီလိုမချက်ပြုတ်ဖြစ်တာ တော်တော်ကြာခဲ့ပြီ။"

သူမတို့နှစ်ဦးစကားစမြည် ပြောဆိုနေရင်း ကမာကြော် တစ်ပန်းကန်လုံးကို သူမတို့နှစ်ဦးတည်း အပြတ်ရှင်းပစ်လိုက်သည်။ လီရှင်းယွင်သည် စားသောက်ပြီးသောအခါတွင် သူမခါးလေးကို မသိစိတ်အရ ဖိညှစ်ကြည့်လိုက်သည်။ သိပ်မကြာခင်တုန်းက သူမ အနည်းငယ်ခန့် ဝလာတယ်လို့ ခံစားမိနေသည်။ သူမရဲ့ပါးပြင်ကို ကိုင်ကြည့်ပြီး ပိုပြီး ခံစားချက် ဆိုရွားလာသည်။ သူမ ဘာတွေ စားသောက်နေတာလဲ ဆိုတာကို စတင် စစ်ဆေးကြည့်သင့်သည်။ မဟုတ်ရင် သူမ အသစ်ဝယ်လာတဲ့ ဝတ်စုံသစ်တွေကို ဝတ်နိုင်မှာ မဟုတ်ဘူး။

သူမ စားသောက်ပြီးချိန်မှာ သူမရဲ့ မိခင်ဖြစ်သူ ဖန့်ကျွင်းရုံဟာ အပြင်ဖက်မှာ ရာသီဥတု ဆိုးရွားနေသောကြောင့် နှင်းခဲတွေအပြည့်ဖြင့် အိမ်ပြန်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)On viuen les histories. Descobreix ara