အဖေကုန်းရဲ့ အသွင်ဟာ ချက်ချင်း အေးခဲသွားပြီး သူ့အကြားအာရုံမှာ ပြဿနာရှိနေတယ်လို့ သံသယဝင်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ့အငယ်ဆုံးသားကို စိုက်ကြည့်ရင်း မေးလိုက်သည်။ "မင်း ပြောတာ သေချာလား" သူတို့မိသားစု တစ်ခုလုံး၏ ပိုင်ဆိုင်မှုသည် မိန်ဖုန့်ကော်ပိုရေးရှင်း၏ ပိုင်ဆိုင်မှု ဆယ်ပုံတစ်ပုံမျှကိုပင် မနှိုင်းယှဥ်သာပါ။ သူတို့မိသားစု၏ စီးပွားရေးသည်လည်း အလှကုန်ပိုင်းတွင် ရှိနေပြီးတော့ မိန်ဖုန့်နှင့် အလုပ်တွဲလုပ်ချင်သော်လည်း ပူးပေါင်းရန် နည်းလမ်းကို မရှာနိုင်သေးပေ။

ပြီးတော့ အခုအချိန်တွင် သူ့သားဖြစ်သူက အရူးတစ်ယောက်လိုမျိုး ဖန့်ကျွင်းရုံရဲ့ သမီးဖြစ်သူကို အွန်လိုင်းပေါ်တွင် အသရေဖျက်ဖို့ ဆုံးဖြတ်ခဲ့တယ် မဟုတ်လား။

သူ့ရင်ဘတ်ဟာ ဒေါသထွက်လွန်းသောကြောင့် ဖားဖိုလို မြင့်တက်လာခဲ့သည်။ သူသည် အမြဲတမ်း ပြဿနာရှာပြီး သူတို့ရဲ့ ဖခင်တွေကို ဆွဲချတတ်သော သူ့သူငယ်ချင်းများ၏ သားဖြစ်သူများအား ရယ်သွမ်းသွေးကာ နာမည်ကြီးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရသော သားဖြစ်သူအား ကြွားထုတ်လေ့ရှိသည်။ ရလဒ်အနေဖြင့် သူ့သားဖြစ်သူသည် သူ့ကို အရမ်း အံ့အားသင့်ဖွယ်ရာကောင်းသော ပြဿနာတစ်ခုအား ဆောင်ကျဥ်းပေးခဲ့သည်။

သူမျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ဖြစ်ပေါ်လာခဲ့ပြီး အဖေကုန်းဟာ နောက်ဆုံး၌ စိတ်မထိန်းနိုင်တော့ပဲ သူ့သားဖြစ်သူရဲ့ မျက်နှာအား ဖြတ်ရိုက်လိုက်သည်။ အဖေကုန်းက ကုန်းယိလင်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သောကြောင့် သူ့သားဖြစ်သူ၏ ပါးပြင်ဟာ ချက်ချင်းပင် နီရဲရောင်ရမ်းလာခဲ့ပြီး နာကျင်မှုကိုပင် မေ့လျော့သွားစေခဲ့သည်။

"မင်း ခွေးမသား"

***

လီရှင်းယွင်သည် ပင်ဂွင်းရှိ စကားပြောခန်းကို ငုံ့ကြည့်လိုက်သည်။ သူမ မိခင်ဖြစ်သူက ကြော်ငြာချက် ထုတ်ပြန်လိုက်ပြီးကတည်းက ကျောင်းဖိုရမ်တွင် ဆွေးနွေးမှုတွေဟာ‌ ပေါက်ကွဲထွက်လာခဲ့သည်။ တကယ်ဖြူစင်လှပပြီး ချမ်းသာသော အလှပန်းလေးက သူတို့ကြားမှာ ပုန်းကွယ်ရင်း ရှိနေခဲ့ကြောင်းကို လူတိုင်းဟာ မယုံကြည်နိုင်ဘူးလို့ပင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ သူတို့က အွန်လိုင်းပေါ်တွင် ဖန့်ကျွင်းရုံအကြောင်းကို ရှာဖွေကြည့်ခဲ့ကြပြီးနောက် သူတို့အားလုံး ဒူးထောက်ခစားသွားကြသည်။ လူတော်‌တော်များများက လီရှင်းယွင်ကို သူမပေါင်ကို ဖက်တွယ်လို့မရလားဟုပင် အရွှန်းဖောက်ခဲ့ကြသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now