သူမရဲ့ အခန်းဖော် ရှစ်လုလုသည်လည်း သူမကို ဖုန်းခေါ်ဆိုခဲ့သည်။ "ရှင်းယွင် ငါတို့ကျောင်းဖိုရမ်က ပို့စ်ကို နင် မြင်ပြီးပြီလား။ တစ်ယောက်ယောက်က နင်နဲ့ ကျုံးရီကို သူဌေးအချို့က စပွန်ဆာပေးထားတဲ့ အကြောင်း စီးပွားရေးဌာနက အစ်ကိုတစ်ယောက် ပို့စ်တင်ထားတာကို ငါတွေ့လိုက်ရတယ်။ နင် မြန်မြန်ဖြေရှင်းသင့်တယ်။ Bentleyကားနဲ့ ပတ်သက်တဲ့ သတင်းကရော ဘာလဲ။"

လီရှင်းယွင်သည် တဖြည်းဖြည်း ဒေါသပိုပိုကြီးလာခဲ့သည်။ ပထမတော့ သူမသည် ကျုံးရီကို ပစ်မှတ်ထားတာလို့ ထင်ခဲ့သည်။ တစ်ယောက်ယောက်က ကျောင်းဖိုရမ်တွင် သူမနာမည်ကို တင်ခဲ့သောကြောင့် သူမက ဒီကိစ္စအားလုံးရဲ့ တကယ့်ပစ်မှတ်ဖြစ်ကြောင်း သေချာသွားခဲ့ပြီ။

လီရှင်းယွင်က သူမဒေါကို ထိန်းလိုက်ရင်း ပြောလိုက်သည်။ "ဘယ်က အလုပ်ရှင်လဲ။ အဲ့တာ ငါ့အမေပဲ။ အဲ့ကားက ငါ့အမေရဲ့ကားပဲ။"

"ငါ့မိသားစုက မကြာခင်မှာ ရှင်းလင်းချက် ထုတ်ပြန်လိမ့်မယ်။ ဒီလူတွေက အင်တာနက်ပေါ်မှာ ရေးချင်တာရေးလို့ရတယ်များ တကယ်ထင်နေကြတာလား။"

"ဒါဆို ငါ ငါတို့ကျောင်းဖိုရမ်ထဲ နင့်အတွက် ရှင်းလင်းချက် ထုတ်လိုက်မယ်၊ ဒီလူတွေက အဓိပ္ပါယ်မရှိတာတွေ အရမ်းပြောနေကြတယ်။ ငါ အဲ့စာတွေကို ဖတ်နေရင်းနဲ့ အရမ်းဒေါသထွက်လာတယ်။ စီးပွားရေးဌာနကလူနဲ့ နင် ဘယ်လိုမုန်းတီးမှုတွေ ရှိနေတာလဲ။" ရှစ်လုလုက သူမ ပြောချင်တာတွေ ပြောပြီးနောက် မကြာခင်မှာပဲ ဖုန်းချလိုက်သည်။

**********************************

Zawgyi

အခန်း (၂၀၈) - သူတို့ကို ပစ်မှတ်ထားတယ်ဆိုတာ သိသာထင်ရှားသည် (၃)

စာရေးသူ - Zhái Miāo (宅喵)

ဘာသာပြန်သူ - No Noe ( Miracle_Phyu97)

လီရှင်းယွင်သည် တစ်ခဏ‌လောက် တုံ့ဆိုင်းနေပြီး သူမအမေထံမှ ကားကို တောင်းဖို့ ပြောသင့် မပြောသင့် စဉ်းစားကြည့်ခဲ့သည်။ ဒီလို မကောင်းတဲ့ ခန့်မှန်းချက်အချို့ကို ဂရုစိုက်သင့်တယ်။ ဘာပဲဖြစ်ဖြစ် သူမတို့မိသားစုပိုင် ကိုယ်ပိုင်ကားနဲ့ ကျောင်းသွား ကျောင်းပြန်တာ ဘာမှားလို့လဲ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now