ဆောင်းပါးတွင် တင်ထားသော ဇိမ်ခံကားသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမတို့ မိသားစုပိုင်ကားဖြစ်ကြောင်း ပြောနိုင်သည်။ အထူးသဖြင့် ကားအနောက် ပြတင်းပေါက်တွင် ချိတ်ဆွဲထားသော အရုပ်သည် သူမကိုယ်တိုင် အရုပ်ကောက်စက်မှာ ကောက်ယူရရှိခဲ့သော အရုပ်လေးဖြစ်လေသည်။

ကျစ်...

ဘယ်အရူးကများ ဒီလိုတင်ရတာလဲ။

လီရှင်းယွင် မျက်မှောင်ကြုတ်လိုက်မိသည်။ ယခုအချိန်တွင် နှစ်ဖက်စလုံးမှ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေမှုများ အများအပြား ရှိခဲ့ကြသည်။

[ငါ ဆင်းရဲသားတွေကို မလှောင်ပြောင်ပေမယ့် ပြည့်တန်ဆာတွေကိုတော့ စက်ဆုပ်ရွံ့ရှာတယ်။ လူတစ်ဦးရဲ့ ပညာရေး အောင်မြင်မှုက သူ့ရဲ့ ကိုယ်ပိုအကျင့်စရိုက်ကို ကိုယ်စားမပြုဘူး။ အပြင်မှာ လူတော်တော်များများက ဖြတ်လမ်းနည်းကို လိုက်ကြတယ်။]

[ဒီဇိမ်ခံကားကို ကြည့်လိုက်ပါ။ မင်း သူတို့ကို ဖမ်းဆုပ်နိုင်ရင် မင်း တစ်သက်လုံး ငွေကြေးအတွက် စိတ်ပူနေစရာ မလိုအပ်တော့ဘူး။]

[မင်း ဆယ်နှစ်တာ ရုန်းကန်ကြိုးစားမှု နည်းပါးသွားစေရုံသာမက မင်းရဲ တစ်သက်တာလုံးအတွက် အစားအသောက်လက်မှတ်ကိုလည်း ရရှိသွားစေလိမ့်မယ်။ ဒီလိုမျိုး တက္ကသိုလ်ကောင်းကောင်းလည်း တတ်နိုင်တယ်ဆိုတာက ပင်ကိုယ်အရည်အချင်းရှိပြီး ဥာဏ်လည်းကောင်းတယ်လို့ ဆိုလိုတာပဲ။ သင့်တင့်တဲ့ရုပ်ရည်လည်း ရှိတဲ့ဟာကို ကိုယ့်ဘာသာကိုယ် ရပ်တည်ရတာ ပိုမကောင်းဘူးလား။]

[ဒီနေရာမှာ ရေးသားထားတဲ့ မှတ်ချက်များအားလုံးက အရမ်းစက်ဆုပ်ဖွယ်ကောင်းတာပဲ။ ဒီကားက သူတို့ရဲ့ကလေးတွေကို လိုက်ပို့တဲ့ တစ်စုံတစ်ယောက်ရဲ့ မိသားစုပိုင်ကားလည်း ဖြစ်နိုင်တာပဲလေ။ ချဥ်စူးနေမှုက ဖန်သားပြင်ပေါ်မှတစ်ဆင့် ခံစားလို့ ရနေတယ်။]

[ငါတို့ကျောင်းမှာလည်း အဲ့လိုမျိုးပဲ။ အပတ်စဥ်တိုင်း အနုပညာဌာနက မိန်းကလေးတွေကို ဇိမ်ခံကားတွေနဲ့ လာကြိုတဲ့သူတွေ အများကြီးရှိတယ်။ လူတိုင်းမှာ သူတို့ကိုယ်ပိုင် ရည်မှန်းချက် ကိုယ်စီရှိကြတယ်လို့ပဲ ငါ ပြောနိုင်ပါတယ်။]

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now