ဖန့်ကျွင်းရုံရဲ့နှုတ်ခမ်းများဟာ တွန့်ကွေးသွားခဲ့သည်။ သူမဟာ ဒါကို တရုတ်ကွန်ဖူးနဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ်လိုက်နိုင်တာလဲ။

Duchess Capetမေးသည်။ "ဒါဆိုရင် နင့်ခန္ဓာကိုယ်အတွင်း လုံလောက်တဲ့ ချီပမာဏကို စုဆောင်းပြီးတဲ့အခါကျရင် သာမန်လူတစ်ယောက် မမြင်နိုင်တဲ့အရာတွေကို နင် မြင်နိုင်လားဟင်။'

"စိတ်မပူပါနဲ့။ ငါ ဘယ်သူ့ကိုမှ မပြောပါဘူး။"

အမ်... ဟုတ်ပါပြီ။ ဖန့်ကျွင်းရုံ သူမကို ဘာမှ ပြောစရာမရှိပါဘူး။ သူမသည် ငယ်ရွယ်နုပျိုစေရန် အသားအရေကို ထိန်းသိမ်းထားရုံသာမက သူမနှလုံးသားသည်လည်း ကလေးကဲသို့ အပြစ်ကင်းစင်ကြောင်းကိုပါ သူမ ယခုအခါတွင် နားလည်လာခဲ့သည်။

သူမ အိမ်ပြန်ရောက်သည်နှင့် ဖန့်ကျွင်းရုံသည် သူမ ဝယ်ယူလာခဲ့သော ကျောက်အရိုင်းတုံးများကို ဖြတ်တောက်ရန် ကျောက်ဖြတ်ဆရာသခင် အနည်းငယ်ကို ငှားရမ်းခဲ့သည်။ သူမသည် လေလံပွဲနေရာတွင် ဖြတ်တောက်ခဲ့သော ‌ကျောက်အရိုင်းတုံးအပြင် နောက်ထပ် ကျောက်အရိုင်းတုံး ၁၂တုံး ကျန်ရှိနေသေးသည်။ သူမက ကျောက်အရိုင်းတုံးက ချီကို မြင်နိုင်သော်လည်း မည်သည့် ကျောက်စိမ်းအမျိုးအစားလဲ ဆိုတာကို အတိအကျ ပြောနိုင်ခြင်း မရှိပေ။ ဒါ့ကြောင့် ကျောက်အရိုင်းတုံးများ ဖြတ်တောက်ပြီးနောက် မည်သည့်ကျောက်စိမ်း အမျိုးအစားလဲ ဆိုတာကို ကြည့်ရသည်မှာ သူမ ပျော်ရွှင်ခြင်းကို ခံစားခဲ့ရသည်။

သူမသည် နီလာနှင့် မြကျောက်တို့ကို အရမ်းကြိုက်ပြီး သူမအတွက် လက်ဝတ်ရတနာ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ရှင်းယွင်နှင့် ကျုံးရီတို့အတွက်မူ ရေခဲကျောက်စိမ်း အမျိုးအစားကို ဖယ်ထားခဲ့သည်။ ထို့နေက် ပတ္တမြားနှင့် အရည်အသွေးမြင့် ရေခဲကျောက်စိမ်းများကို သူမ နောင်အခါတွင် အသုံးပြုရန် သိုလှောင်ထားရပေလိမ့်မည်။ သူတို့က လက်ဆောင်ကောင်းအဖြစ် ပြုလုပ်နိုင်သည်။ ကျန်တာကတော့ သူမရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုလှောင်နယ်မြေအတွက်ပင်ဖြစ်သည်။

သူမ အားလုံး လုပ်ပြီးသွားသောအခါ သူမ Duchess Capetအား ပေးထားသော ကတိကို အမှတ်ရသွားပြီး ဆံပင်ကြီးထွားစေသော ခရင်မ် ၅ပုလင်းကို တစ်ယောက်ယောက်အား ပေးပို့ စေခိုင်းလိုက်သည်။ သူမအတွက် ၅ပုလင်းဆို လုံလောက်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now