Duchess Capet၏ လက်မောင်းသည် ကျောက်စိမ်းတုံးကို ကိုင်ထားတာကြောင့် နာကျင်လာသည်နှင့်အညီ သူမလက်ထဲမှ ကျောက်စိမ်းတုံးအား သူမလက်ထောက်ထံသို့ လွှဲပြောင်းပေးခဲ့သည်။

ပိုင်ရှစ်ယွင်ရဲ့ အတွင်းရေးမှုးက ‌ရောက်လာပြီး ပိုင်ရှစ်ယွင်ကို ရှက်ရွံ့နေသောအသွင်ဖြင့် ခေါ်သွားခဲ့သည်။

ဖန့်ကျွင်းရုံက ပိုင်ရှစ်ယွင် ငွေမပေးမှာကို စိတ်မပူပါဘူး။ နောက်ဆုံး၌ သူမသည် ထင်ရှားသော မိသားစုမှဖြစ်သည်။ သူမသည် ဤမျှလောက် သေးငယ်သည့် ပမာဏအတွက် သူမကို မပေးပဲ နေလိမ့်မည် မဟုတ်ပေ။

Duchess Capetသည် အလွန်စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ "ငါတို့ ကျောက်ရိုင်းတုံးအချို့ကို ထပ်ခွဲကြည့်ကြမလား။" သူမသည် အရင်က ကျောက်စိမ်းကောင်းများ ပါဝင်တဲ့ ကျောက်အရိုင်းတုံးများကို ဝယ်ယူခဲ့ဖူးပေမယ့် ဒီနေ့လောက်တော့ မကောင်းမွန်ပေ။ ဒီနေ့ သူမရဲ့ကံက အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်။

ဖန့်ကျွင်းရုံက သူမခေါင်းကို ခါလိုက်သည်။ "နှိမ့်ချပြီး နေထိုင်ပါ။ နှိမ့်ချပြီး နေထိုင်ပါ။" အကယ်၍ သူတို့သာ အရမ်းထင်ပေါ် ဝါကြွားလွန်းရင် လီမွန်တစ်အိတ်လောက် ရမှာကို စိုးရိမ်မိသည်။ လီမွန်သီးစားတာများပြီး သွားကျဥ်မှာကို စိုးမိသည်။

Duchess Capetသည် အမြဲလိုလို ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်ခဲ့ပြီး နှိမ့်ချပြီး‌ နေထိုင်ပါ ဆိုသည်က မည်သည့်အရာမှန်း မသိခဲ့ပါဘူး။ ဒါပေမယ့် ဒါက ဖန့်ကျွင်းရုံရဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ သူမ ဒါကို လေးစားပေးလိမ့်မည်။

သူမ ဖြတ်တောက်လိုက်သော ကျောက်အရိုင်းတုံးသည် ဖန့် မျက်စိကျသော ကျောက်အရိုင်းတုံးဖြစ်ကြောင်း ရုတ်တရတ် အမှတ်ရလိုက်သည်။ ပိုင်ရှစ်ယွင်က ဖန့်နှင့် စျေးပြိုင်ပေးရန် ကြိုစားသောကြောင့် သူမ ၎င်းအတွက် စျေးကြီးပေး လေလံဝင်ဆွဲခဲ့သည်။ ထို့ကြောင့် အတိအကျဆိုရမယ်ဆိုရင် ဖန့်သည် အမြင်ကောင်းကောင်း ရှိပေသည်။

Duchess Capet၏ မျက်လုံးများသည် တောက်မလာသည်။ သူမအသံကို နှိမ့်လိုက်သော်လည်း သူမရဲ့ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ခဲ့ပါ။ "အခု ငါ နားလည်သွားပြီ။ အဲ့တာ နင့်ရဲ့ တရုတ်ကွန်ဖူးစွမ်းရည်မလား၊ ဟုတ်တယ်မလား။ အဲ့တာ အရမ်းမိုက်တာပဲ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now