ဖန့်ကျွင်းရုံ ပထမဆုံး ထုတ်ယူခဲ့သော ကျောက်အရိုင်းတုံးသည် ရှားပါးခရမ်းရောင်ကျောက်စိမ်း အမျိုးအစားဖြစ်သည်။ အရင်က သူမ မြင်ခဲ့ဖူးသော ခရမ်းကျောက်အများစုဿည် အရည်အသွေး ညံ့ဖျင်းလှဿည်။ သို့သော် ဤကျောက်စိမ်းသည် ရှားပါးသော ခရမ်းရင့်ရောင် အမျိုးအစားဖြစ်သည်။ ဤကျောက်စိမ်းသည် အလင်းရောင်အောက်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။ ကျောက်ဖြတ်ဆရာသည်ပင် ဤကျောက်စိမ်းကို ဖြတ်တောက်ခဲ့ရသည့်အတွက် စွဲမက်ပြီး အံ့အားမင်သက်သွားသည်။

"အထူးသဖြင့် ဖန်အမျိုးအစားတွေထဲမှာ ဒီ‌လောက် သန့်ရှင်းတဲ့ ခရမ်းရောင်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး။"

"ဒီကျောက်မျက်အရိုင်းတုံးကို လေလံတင် ရောင်းချမယ်ဆိုရင် ယွမ် မီလီယံချီပြီး လေလံဆွဲနိုင်ပါတယ်။"

ဤနေရာတွင် Duchess Capetအပြင် အခြားပရိသတ်များစွာ ရှိနေခဲ့ကြသည်။ ကျောက်အရိုင်းတုံး နှစ်ခုအကြား သိသာထင်ရှားသည့် ခြားနားချက်ကို ကြည့်ခြင်းအားဖြင့် သူတို့သည် ကျောက်အလောင်းအစားက ကံတရားပေါ်တွင်လည်း မူတည်နေကြောင်းကို သေချာစေသည်။ အတွေ့အကြုံများစွာ လိုအပ်သော်လည်း ကံကောင်းခြင်းသည် ထပ်တူအရေးကြီးသည်။

ပိုင်ရှစ်ယွင်သည် ကျွမ်းကျင်သူများစွာကို ဒီနေရာသို့ ခေါ်ယူလာခဲ့ပြီး သူတို့က အသုံးမဝင်နေဆဲဖြစ်သည်။ ဖန့်ကျွင်းရုံသည် ဒီကျောက်အရိုင်းတုံးအတွက် ယွမ် တစ်မီလီယံကိုသာ ပေးချေခဲ့ရပြီး ကျောက်အောင်ခဲ့သည်။ သူမ ရရှိခဲ့သော ပမာဏသည် လူတိုင်းကို မနာလိုဖြစ်စေခဲ့သည်။

Duchess Capetသည်လည်း သူမ မြင်လိုက်ရသော အရာများကြောင့် သူမ ကျောက်အရိုင်းတုံးများကိုလည်း ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

လှောင်ပြောင်သရော်လိုသည့် အသွင်များက ပိုင်ရှစ်ယွင်ကို ပိုမို စိတ်လှုပ်ရှားစေသည်။ သူမ ဗလုံးဗထွေးဆိုလိုက်သည်။ "ငါတို့မှာ နောက်ထပ်ကျောက်အရိုင်းတုံး နှစ်တုံး ကျန်သေးတယ်။'

အဲ့တာက မှန်ပါတယ်။ သူမ လုံးဝ မရှုံးသေးပါဘူး။ သူမတို့ သုံးကြိမ် ယှဥ်ပြိုင်ဖို့ စီစဥ်ထားတာဖြစ်သည်။ ဖန့်ကျွင်းရုံရဲ့ ပထမဆုံး ကျောက်အရိုင်းတုံးသည် မည်မျှပင် အံ့သြဖွယ်ကောင်းစေကာမူ အနိုင်တစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now