ပြပွဲကောင်းကောင်း ကြည့်ရှုရတာကို ကြိုက်နှစ်သက်သည့် Duchess Capetသည်လည်း သူမ ဟိုတယ်တွင် အနားပြန်ယူမယ့်အစား ဒီနေရာမှာနေဖို့ ဆုံးဖြတ်လိုက်သည်။
ပိုင်ရှစ်ယွင် ပထမဆုံးဖြတ်တောက်ခိုင်းသည့် ကျောက်အရိုင်းတုံးသည် သူမ ယွမ် ၁၃၀ မီလီယံပေးချေခဲ့သော ကျောက်အရိုင်းတုံးဖြစ်သည့်အတွက် ထိုကျောက်အရိုင်းတုံးအပေါ် သူမ ယုံကြည်စိတ်ချမှုအပြည့်ရှိသည်။
နောက်နာရီအနည်းငယ်အကြာတွင် သူမရဲ့ ယုံကြည်မှုပြည့်ဝသော မျက်နှာသည် လုံးဝ ပျောက်ကွယ်သွားသည်။
သူမသည် မယုံကြည်နိုင်သောအသွင်ဖြင့် ထိုကျောက်အရိုင်းတုံးကို ကြည့်နေသည်။ ကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင် အစိမ်းရောင်အလွှာတစ်ခုသာရှိပြီး ထိုအလွှာသည် သနားစရာကောင်းလောက်အောင် ပါးလွှာနေသည်။ လက်ကောက်လုပ်ဖို့ပင် မပြောနဲ့။ လက်စွပ်တစ်ကွင်းလုပ်ဖို့ပင် မလုံလောက်ပေ။ အကယ်၍ သူမသာ ကံကောင်းနိုင်မည်ဆိုလျှင် ထိုကျောက်စိမ်းကို သူမ ပုတီးစေ့ အနည်းငယ်ခန့်လောက် ရရှိနိုင်မည်ဖြစ်သည်။
အလင်းရောင်အောက်တွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုကျောက်စိမ်းသည် လုံးဝမသန့်စင်ပဲ စျေးပေါသည့် လက်ဝတ်ရတနာများကိုသာ ပြုလုပ်နိုင်သည်။
အကဲဖြတ်ချက်အရ ထိုကျောက်စိမ်းသည် အများဆုံး ယွမ် တစ်ထောင်ဝန်းကျင်ခန့်သာ တန်ကြေးရှိသည်။ ကျောက်စိမ်းလောက ဗန်းစကားအရ ဒါက အချီကြီးရေစုန်မျောသွားတာပဲ ဖြစ်သည်။
ပိုင်ရှစ်ယွင်သည် ဒီကျောက်စိမ်းအတွက် သူမ ဘယ်လောက်သုံးစွဲခဲ့တာလဲဆိုတာကို သတိရမိပြီး မေ့လဲကျလုနီးပါး ဖြစ်သွားသည်။
"မဖြစ်နိုင်ဘူး။ ဒါက မဖြစ်နိုင်ဘူး..."
အစပိုင်းတွင် စျေးကြီးသောစျေးဖြင့် အတင်းအကြပ် ဝယ်ယူခဲ့သော ပိုင်ရှစ်ယွင်သည် ရေခဲကန်ထဲသို့ ကျရောက်သွားသလို ခံစားရကာ ဒီစကားများကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိတော့သည်။
သူမက ဖန့်ကျွင်းရုံရဲ့ ကျောက်အရိုင်းတုံးကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူမမျက်ဝန်းတွေက နီရဲလုနီးပါး ဖြစ်သွားသည်။
Ch-201
Start from the beginning