ဖန့်ကျွင်းရုံသည် ၃မီလီယံ စျေးဆိုလိုက်သည်။ သူမသည် အနည်းငယ် ပိုမိုမြင့်မားသောစျေးနှုန်းဖြင့် စတင်ရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းအားဖြင့် သူမ၏ဆုံးဖြတ်ချက်ကို ပြသရာရောက်ပြီး လူအချို့ကို ‌နောက်ဆုတ်စေနိုင်သည်။ အထူးသဖြင့် ဒါက အစပိုင်းလေလံတင်သည့် အရိုင်းတုံးသာ ဖြစ်လေသည်။ အကောင်းဆုံး ကျောက်အရိုင်းတုံးတစ်ခု မဟုတ်သေးပါဘူး။

"၃ မီလီယံ နောက်ထပ် ‌စျေးထပ်ပေးမယ့်သူ ရှိသေးလား။"

"၃ မီလီယံ တစ်ကြိမ် ၃ မီလီယံ နှစ်ကြိမ်... အိုး ၃.၈မီလီယံ ဧည့်သည်နံပါတ် ၄၆က စျေးထပ်ပေးပါတယ်။"

ဧည့်သည်နံပါတ် ၄၆လား။

ဖန့်ကျွင်းရုံက လှည့်ကြည့်လိုက်တော့ သူမရဲ့နောက်နှစ်တန်းအကွာလောက်မှာ ထိုင်နေတဲ့ ပိုင်ရှစ်ယွင်က သူမကို ခပ်ပြုံးပြုံးကြည့်နေတာကို တွေ့လိုက်ရသည်။ သူမ ဒါကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါသည်။

ဖန့်ကျွင်းရုံ မျက်မှောင်ကြုတ်သွားသည်။။ ဒါဆို ငါတို့ ဒီကျောက်အရိုင်းတုံးကို စျေးကစားရတော့မှာလား။ ဒီ‌ကျောက်အရိုင်းတုံးထဲက ကျောက်စိမ်းက အနည်းဆုံး ၂၀မီလီယံခန့် တန်ကြေးရှိသည်။ ထို့အပြင် ပိုင်ရှစ်ယွင်က ဒါကို သူမနှင့်အတူ စျေးလိုက်ပေးနိုင်မယ်လို့ သူမ မယုံကြည်ဘူး။ သူမ၏ပိုက်ဆံများသည် သူမကိုယ်ပိုင်ငွေဖြစ်သောကြောင့် သူမ ကြိုက်နှစ်သက်သော အရာများအတွက် အသုံးပြုနိုင်သည်။ အခြားတစ်ဖက်တွင်မူ ပိုင်ရှစ်ယွင်က အလွန်အကျွံ့သုံးစွဲမိတယ်ဆိုရင် သူမခင်ပွန်းကို ဖြေရှင်းချက်ပေးရပေမည်။

ဖန့်ကျွင်းရုံသည် စျေးနှုန်းထပ်တိုးပေးသည့်အသံတစ်ခုကို ကြားလိုက်ရသည်။ "၇မီလီယံ ဧည့်သည်နံပါတ် ၁၂က ထပ်တိုးပေးပါတယ်။"

ဧည့်သည်နံပါတ် ၁၂သည် Duchess Capetဖြစ်သည်။ သူမသည် ဖန့်ကျွင်းရုံဖက်သို့ လှည့်ကြည့်ပြီး "ကျေးဇူးတင်စရာ မလိုပါဘူး" လို့ သူမကို ပြောသည်။

ဒီလိုပုံစံမျိုးက ကျားမပြောင်းပြန်ဇာတ်လမ်းမျိုးထဲက စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိသော CEOတစ်ဦးသည် အမျိုးသမီးဇာတ်လိုက်အတွက် အမြောက်စာဇာတ်ကောင်အချို့ကို ငွေကြေးဖြင့် ရိုက်ချလိုက်သော ပြီးပြည့်စုံသောမြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now